Apple ရဲ့ Software Code ကနေ သတင်းအကြီးအကျယ်ပေါက်ကြား၊ Product အသစ်များ ထွက်လာဖို့ရှိနေ

Apple ရဲ့ ကိုယ်ပိုင် Software Code ထဲကနေပဲ ထွက်မလာသေးတဲ့ Hardware Device အသစ်တွေရဲ့ အချက်အလက်တွေ အများအပြား ပေါက်ကြားသွားခဲ့ပါတယ်။ နာမည်ကြီး tech site တစ်ခုဖြစ်တဲ့ MacRumors က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး စုစုပေါင်း Product အသစ် ၁၀ မျိုးအထိ ပါဝင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ ပေါက်ကျားမှု List ထဲမှာ HomePod mini အသစ်၊ Apple TV အသစ် အပြင် iPad အသစ်၊ Vision Pro အသစ်နဲ့ Apple Watch မော်ဒယ်သစ် သုံးမျိုးတောင် ပါဝင်ပါတယ်။ ဒီပစ္စည်းတွေအားလုံးက မကြာခင်ကျင်းပမယ့် iPhone 17 ပွဲမှာ တန်းကြေညာမှာတော့ မဟုတ်ဘဲ တချို့ကိုတော့ အချိန်တစ်ခုစောင့်ရနိုင်ပါတယ်။

ဘယ်လို Device အသစ်တွေပါလာမလဲဆိုတာ တစ်ခုချင်းစီ ဖော်ပြပေးထားပါတယ်။

Chip အသစ်နဲ့ HomePod mini

HomePod mini အသစ်ထွက်မယ်ဆိုတဲ့ ကောလာဟလတွေက အရင်ကတည်းက ရှိခဲ့တာပါ။ အခု code ပေါက်ကြားမှုက အဲ့ဒီသတင်းကို အတည်ပြုပေးလိုက်သလိုပါပဲ။ ဒီ HomePod mini အသစ်မှာ T8310 microarchitecture ကိုသုံးထားတဲ့ chip ပါဝင်လာမယ်လို့ သိရပြီး ဒါက Apple Watch တွေမှာသုံးတဲ့ နည်းပညာနဲ့ အတူတူပါပဲ။ ဒါကြောင့် လက်ရှိ HomePod mini မှာသုံးနေတဲ့ S5 chip ထက် ပိုကောင်းတဲ့ upgraded version ဖြစ်လာမှာတော့ သေချာပါတယ်။

Chip အသစ်နဲ့ HomePod mini

A17 Pro Chip နဲ့ လာမယ့် Apple TV အသစ်

Apple TV မော်ဒယ်အသစ် ထွက်ဖို့အချိန်တော်တော်ကြာနေပြီဖြစ်လို့ မကြာခင်မှာ တွေ့မြင်ရတော့မှာပါ။ ပေါက်ကြားတဲ့ အချက်အလက်အရ ဒီ Apple TV အသစ်မှာ A17 Pro chip ကို သုံးစွဲလာမယ်လို့ သိရပါတယ်။ လက်ရှိမော်ဒယ်မှာ A15 Bionic chip ကိုသုံးထားတာဖြစ်လို့ A17 Pro ကိုပြောင်းလိုက်ရင် စွမ်းဆောင်ရည်ပိုင်းမှာ အများကြီး မြင့်တက်လာနိုင်ပါတယ်။

A17 Pro Chip နဲ့ လာမယ့် Apple TV အသစ်

Apple Studio Display 2

Studio Display ကို ၂၀၂၂ မှာ နောက်ဆုံးထုတ်ခဲ့တာဆိုတော့ အသစ်ထွက်ဖို့ အချိန်တန်ပါပြီ။ Appleရဲ့ J427 ဆိုတဲ့ Code name နဲ့ Studio Display 2 ကို code တွေထဲမှာ တွေ့ခဲ့ရတဲ့အတွက် ဒါက Apple ရဲ့ plan ထဲမှာ ပါဝင်နေတာ သေချာသလောက်ပါပဲ။ ကောလာဟလတွေအရတော့ ၂၀၂၆ အစောပိုင်းမှာ မြင်တွေ့ရနိုင်မှာ ဖြစ်ပါတယ်။

Apple Studio Display 2

A19 Pro Chip နဲ့ iPad mini အသစ်

သယ်ဆောင်ရလွယ်ကူလို့ လူကြိုက်များတဲ့ iPad mini ရဲ့ မော်ဒယ်အသစ်လည်း ထွက်လာတော့မှာပါ။ အံ့ဩစရာကောင်းတာက ဒီ iPad mini အသစ်မှာ သုံးမယ့် chip ပါပဲ။ ဒါက ဘာကိုပြနေလဲဆိုတော့ ဒီ tablet သေးသေးလေးက iPhone 17 Pro မော်ဒယ်တွေမှာ သုံးမယ့် A19 Pro chip ကို သုံးစွဲလာမယ်ဆိုတာပါပဲ။ ဒါကြောင့် စွမ်းဆောင်ရည်ပိုင်းမှာတော့ သူ့အရင်မော်ဒယ်ထက် အများကြီး သာလွန်သွားမှာပါ။

A19 Pro Chip နဲ့ iPad mini အသစ်

ဈေးသက်သာတဲ့ iPad အသစ် (A18 Chip နဲ့)

သာမန်သုံးစွဲသူတွေအတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တဲ့ iPad ရဲ့ 12th-generation မော်ဒယ်အသစ်က A18 chip နဲ့ လာမယ်လို့ MacRumors က ဖော်ထုတ်ခဲ့ပါတယ်။ လက်ရှိ 11th-gen က A16 ကိုသုံးထားတာဖြစ်လို့ Apple က A17 chip ကို ကျော်ပြီး A18 ကို တန်းသုံးလိုက်တာ ဖြစ်ပါတယ်။

ဈေးသက်သာတဲ့ iPad အသစ် (A18 Chip နဲ့)

M5 Chip နဲ့ Apple Vision Pro အသစ်

Apple က Vision Pro ကို လက်လျှော့လိုက်ပြီလား၊ အသစ်လုပ်နေလားဆိုပြီး သတင်းတွေ အမျိုးမျိုးထွက်ခဲ့ပေမယ့် ဒီ code ပေါက်ကြားမှုကတော့ သူတို့ အသစ်တစ်ခုလုပ်နေတယ်ဆိုတာကို အတည်ပြုပေးလိုက်သလိုပါပဲ။ ဒီ Vision Pro အသစ်မှာ အစွမ်းထက်တဲ့ M5 chip ကို သုံးစွဲလာမယ်လို့ ဆိုပါတယ်။

M5 Chip နဲ့ Apple Vision Pro အသစ်

Apple Watch 11, Apple Watch Ultra 3 နဲ့ Apple Watch SE 3

ဒါကတော့ အားလုံးမျှော်လင့်ထားတဲ့အတိုင်းပါပဲ။ Apple Watch မော်ဒယ်အသစ် ၃ မျိုးဖြစ်တဲ့ Apple Watch Series 11, Apple Watch Ultra 3 နဲ့ Apple Watch SE 3 တို့ လာမယ့်ပွဲမှာ ပါဝင်လာမှာဖြစ်တယ်လို့ သိရပါတယ်။ code ထဲမှာ Ultra 4 နဲ့ Series 12 အကြောင်းတောင် ပါနေသေးပေမယ့် ဒါတွေကတော့ နောက်မှလာမယ့် မော်ဒယ်တွေပါ။ S11 chip အသစ်ပါလာပေမယ့် S10 နဲ့ အခြေခံနည်းပညာ အတူတူဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာ သိသိသာသာကြီး တိုးတက်လာမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

Apple Watch 11, Apple Watch Ultra 3 နဲ့ Apple Watch SE 3

ခြုံပြောရရင် ဒီတစ်ခါပေါက်ကြားမှုက Apple ရဲ့ အနာဂတ် Product Plan တွေကို သိရလိုက်ရသလိုပါပဲ။ အဓိကတွေ့ရတာက Apple ဟာ iPad mini လို Device သေးသေးလေးတွေမှာတောင် Performance အမြင့်ဆုံးဖြစ်အောင် Pro chip တွေ ထည့်ပေးလာတာပါပဲ။ ဒါတွေက Revolution ဖြစ်တဲ့ Product အသစ်တွေမဟုတ်ဘဲ ရှိပြီးသားတွေကို အဆင့်မြှင့်တာဖြစ်ပေမယ့်၊ Apple Fan တွေအနေနဲ့ လာမယ့်ကာလတွေမှာ ဘာတွေမျှော်လင့်ထားရမလဲဆိုတာကို ရှင်းရှင်းလင်းလင်း မြင်သွားစေခဲ့ပါတယ်။

Exit mobile version