Apple က Siri ကို အသစ် ဖန်တီးဖို့ အတွက် အားထုတ်နေ

Apple နဲ့ ပတ်သက်တဲ့ သတင်းအချက်များကို အမြဲမျှဝေနေတဲ့ Mark Gurman ရဲ့ အဆိုအရ Apple က သူတို့ရဲ့ AI နည်းပညာဖြစ်တဲ့ Apple Intelligence ဟာ စထွက်ကတည်းက ထင်သလောက် အလုပ်မဖြစ်ခဲ့တာကြောင့် ပြန်လည်ပြင်ဆင်နိုင်မို့ ကြိုးစားနေပြီး၊ အဓိကအားဖြင့် Siri ကို အခြေခံကနေ ပြန်လည်တည်ဆောက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Apple က Siri ကို အသစ် ဖန်တီးမို့ အတွက် အားထုတ်နေ

Apple က AI ခေတ်မှာ တစ်ခြားနည်းပညာ Company များထက် များစွာနောက်ကျခဲ့တာ ဖြစ်ပြီး Apple Intelligence ကလဲ အရှုံးပေါ်နေခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာ Apple က Siri ကို အခြေပြုပြီး လုံးဝအသစ်တည်ဆောက်မယ့် LLM (Large Language Model) အခြေခံစနစ် စတင်ဖန်တီးနေတာ ဖြစ်တယ်လို့ သိရပါတယ်။ Siri အသစ်က ဘာတွေပါလာပြီး ဘယ်လိုပြောင်းလဲမှာ ဖြစ်တယ်ဆိုတာကို မသိရသေးပေမယ့် 2025 ခုနှစ်နောက်ပိုင်း iOS 19 Update မှာ LLM Siri နဲ့အတူ Apple Intelligence ကိုပြန်လည်စတင်နိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။  

Exit mobile version