iPhone တွေရဲ့ Satellite Feature ကို အဆင့်မြှင့်တင်ဖို့ Apple စီစဥ်နေ

Bloomberg ရဲ့ သတင်းထောက် ဖြစ်သူ Mark Gurman ရဲ့ ပြောပြမှုအရ Apple ဟာ iPhone တွေမှာ ရှိပြီးသားဖြစ်တဲ့ Satellite နည်းပညာကို Features အသစ်များနဲ့ အဆင့်မြှင့်တင်ရန် စီစဥ်နေကြောင်း သိရပါတယ်။

iPhone တွေရဲ့ Satellite Feature ကို အဆင့်မြှင့်တင်ဖို့ Apple စီစဥ်နေ

Apple ဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင် App ဖြစ်တဲ့ Apple Maps မှာ Satellite ကို ပံ့ပိုးပေးတဲ့ API ကို ထည့်သွင်းပေးမှာ ဖြစ်ပြီး ၎င်း API ကြောင့် App ဖန်တီးသူများဟာ သူတို့ရဲ့ ကိုယ်ပိုင် App တွေမှာ Satellite နည်းပညာကို ထည့်သွင်းနိုင်သလို Apple အသုံးပြုသူများဟာလည်း ဖုန်းလိုင်းတွေ Wifi လိုင်းတွေ မရှိရင်တောင်မှ Satellite ကို အသုံးပြုပြီး ဖုန်းခေါ်ခြင်းနဲ့ Messaging မှတစ်ဆင့် ဓာတ်ပုံတွေပေးပို့ခြင်း၊ စာတိုများပေးပို့ခြင်းတို့ကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Gurman ရဲ့ ပြောပြမှုအရ ၎င်း Features တွေ အားလုံးကို Free အသုံးပြုနိုင်မှာ ဖြစ်ပြီး ပိုက်ဆံပေးပြီး အသုံးပြုသူများကတော့ အဆင့်မြင့် ပံ့ပိုးမှုတွေ ရရှိမှာ ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိမှာ Satellite Features တွေနဲ့ ပတ်သက်လို့ Apple က တရားဝင် ထုတ်ပြန်ထားတာမျိုး မရှိသေးပဲ ကောလဟာလ သတင်းများ အဆင့်သာ ရှိပါသေးတယ်။

Exit mobile version