Apple Music Subscriber များအတွက် အသစ်ထွက်ရှိထားတဲ့ “Discovery Station” Feature

Apple Company သည် မကြာသေးခင်ကဘဲ Apple Music မှာ “Discovery Station” လို့ခေါ်တဲ့အင်္ဂါရပ်အသစ် အသုံးပြုလို့ ရနိုင်ပြီ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ အဆိုပါ Feature က မိမိနားထောင်ခဲ့တဲ့ Music History အပေါ်မှူတည်ပြီး ပုံစံတူ သီချင်းများကို ရှာဖွေပေးတဲ့ Personalized Radio Station တစ်ခုဖြစ်ပါတယ်။ ၎င်းက အခြား Apple Music Station တွေရဲ့ လုပ်ဆောင်ချက်တွေနဲ့ တူညီမှူ မရှိဘဲ အဓိက ကွာခြားချက်မှာ Discovery Station သည် မိမိရဲ့ Music Library နဲ့ Playlist တွေမှာ ထည့်သွင်းထားပြီးတဲ့ သီချင်းတွေကို ဖော်ပြတော့မှာ မဟုတ်ဘဲ လုံး၀မနားထောင်ဖူးတဲ့ သီချင်းများကိုထည့်သွင်းဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဆိုလိုသည်မှာ အရင်က မကြားဖူးသေးတဲ့ သီချင်းအသစ်များကို Discovery Station မှာရှာဖွေနားဆင်နိုင်မှာ ဖြစ်ပါတယ်။

Apple Music Subscriber များအတွက် အသစ်ထွက်ရှိထားတဲ့ “Discovery Station” Feature

Discovery Station Feature ကို Apple ရဲ့ Machine Learning Algorithms နည်းပညာအသုံးပြုထားတာဖြစ်လို့ မိမိနားထောင်နေတဲ့ သီချင်းများ ကို နောက်ကွယ်ကနေ အလိုလျောက် အဆက်မပြတ် လေ့လာနေတာဖြစ်ပါတယ်။ မိမိကြိုက်နှစ်သက်တဲ့ သီချင်းပုံစံအမျိုးအစားပေါ်မူတည်ပြီး သီချင်းအသစ်များကို ဝင်ရောက်နားထောင်နိုင်တဲ့ Feature တစ်ခုဖြစ်ပါတယ်။ နောက်ပြီး Discovery Station မှ သီချင်းများကိုလည်း Friend To Friend Sharing လုပ်နိုင်ပါသေးတယ်။

Exit mobile version