Apple ရဲ့ MacbookPro အသစ်မှာ M3 Chipset ထည့်ဖို့ လုပ်ဆောင်နေကြောင်း သတင်းထွက်ရှိ

Apple က 12-core Processor နဲ့ 18-core GPU တို့ပါရှိတဲ့ M3 Chipset တစ်ခုကို လုပ်ဆောင်နေတယ်လို့ သတင်းများ အရသိရှိရပါတယ်။ App Store က Developer Logs တွေဖော်ပြထားတဲ့ ပုံအရ MacOS 14 နဲ့ အသုံးပြုနေတဲ့ M3 pro လို့ထင်ရတဲ့ MacBook Pro တစ်ခုမှာ ၎င်း Chipset ကို စမ်းသပ်နေတယ်လို့ သိရှိရပါတယ်။ Apple ရဲ့ M3 line of chips က 5nm Technology ကနေ TSMC ရဲ့ လာမယ့် 3nm Node Process Technology ကို ကူးပြောင်းနေတယ်လို့ သိရပါတယ်။ နောက်ထပ်ထွက်ရှိမယ့် M3 Pro သည် အရင်မျိုးဆက်တွေထက် 50ရာခိုင်နှုန်း CPU cores Processor ပါဝင်လာနိုင်တယ်လို့ ဘဲ ကောလဟာလ သတင်းတွေထွက်ပေါ် နေပါသေးတယ်။

Apple is testing an M3 chipset with a 12-core processor and 18-core GPU

Apple က ပုံမှန်အတိုင်းဘဲ M3 MacBook Pro ကို မမိတ်ဆက်ခင် M3 chip ကို အရင် မိတ်ဆက်လာနိုင်ပါတယ်။ ထွက်ရှိနေသော သတင်းများ အရ M3 chips တက်ဆင်ထားတဲ့ MacBook များကို ယခုနှစ်ကုန် ဒါမှမဟုတ် လာမယ့်နှစ် အစပိုင်း မှာ ရောက်ရှိလာမယ်လို့ သိရှိရပါတယ်။ Apple က လာမယ့် Worldwide Developers Conference (WWDC) မှာ ကောလဟာလများ ထွက်ပေါ်နေတဲ့ 15-inch MacBook Air ထုတ်ဖော်ပြသသွားမယ်လို့လဲ ယူဆရပါတယ်။

Exit mobile version