Apple ရဲ့ M3 Chipset သုံးထားတဲ့ 24-inch iMac ကို 2023နှစ်လည်လောက်မှာ ထုတ်လုပ်ဖြန့်ချီရန်ပြင်ဆင်နေကြောင်း Bloombergရဲ့ tech reporter Mark Gurmanကပြောကြားခဲ့ပါတယ်။ နောက်ပြီး ခုထွက်လာမယ့် iMaကို Appleက အတွင်းအပြင် ဒီဇိုင်းတွေကိုပါ refreshedလုပ်ထားကြောင်း သိရပါတယ်။
![M3 Chipset iMac](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2023/03/New-iMac-1-1024x576.jpg)
2023 iMacကို Apple ရဲ့ next-generation ဖြစ်တဲ့ M3 system-on-a-chip ပါဝင်လာနိုင်ကြောင်း Mark Gurmanက ထပ်ပြောထားပါတယ်။ New iMacက24-inchနဲ့လာမှာဖြစ်ပြီး အရင် 2021 စီးရီးတွေလိုပဲ cheerful colorways တွေနဲ့ထွက်လာမှာဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ New iMac အပြင် 15-inch/13-inch MacBook Air, Appleရဲ့ ပထမဆုံး Apple Silicon Mac Pro ပါရောက်ရှိလာနိုင်ကြောင်း သိရှိရပါတယ်။