Apple က လျှို့ဝှက်နံပါတ်ချိုးဖောက်မှုတွေကို ကာကွယ်နိုင်မို့ အတွက် iOS 18.3.1၊ iPadOS 18.3.1 နဲ့ iPadOS 17.7.5 စတဲ့ လုံခြုံရေး Update တွေ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အသစ်ထွက်လာတဲ့ Security Update တွေက iPhone တွေရဲ့ passcode ကို ဟက်နိုင်တဲ့ ကိရိယာတွေကို တားဆီးမို့ဖြစ်ပါတယ်။
Zero-day Exploit ဆိုတဲ့ Cyberattack တစ်ခုကိုဖြေရှင်းမို့အတွက် လုံခြုံရေးအပ်ဒိတ်များ ထုတ်ပြန်ထားတာ ဖြစ်ပြီး အဆိုပါ Exploit က Device တွေကို လော့ခ်ချထားတဲ့အခြေအနေမှာတောင် ဝင်ရောက်တိုက်ခိုက်နိုင်တဲ့ လုံခြုံရေးချိုးဖောက်မှု ဖြစ်တယ်လို့ သိရပါတယ်။ လောလောဆယ်မှာတော့ Ecploit Cyberattack တွေက သီးသန့်ပစ်မှတ်ထားတဲ့သူတွေကို ရည်ရွယ်ပြီး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
![](https://bunny-wp-pullzone-wi4ruizkvc.b-cdn.net/wp-content/uploads/2025/02/app-2.0.jpg)
Apple ရဲ့ USB Restricted Mode မှာ လုံခြုံရေးတွေကို ချိုးဖောက်ပြီး ဒေတာတွေ ရယူနိုင်တဲ့ အန္တရာယ်ရှိတဲ့ ချို့ယွင်းချက်တစ်ခု ဖြစ်ပေါ်နေတယ်လို့ သိရပြီး အဆိုပါ ချို့ယွင်းချက်ကို ပြင်မို့အတွက် Security Update အသစ်များ ထုတ်ပြန်တာဖြစ်တယ်လို့ သိရပါတယ်။ USB Restricted Mode ကို Apple က 2018 ခုနှစ်မှာ iOS 11.4.1 နဲ့အတူစတင်မိတ်ဆက်ခဲ့တာ ဖြစ်ပြီး Passcode တွေကို ချိုးဖောက်ကာ ဒေတာများကို ရယူနိုင်တဲ့ တိုက်ခိုက်မှုတွေကို တားဆီးမို့ အတွက် ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။