လက်တလော Leaks ဖြစ်နေတဲ့ iPhone 17 Air ရဲ့ Design

Apple ရဲ့ နောက်ထပ် ထွက်ရှိမယ့် iPhone 17 Air ဟာ ဒီနှစ် September လ Apple Event မှာ မိတ်ဆက်မှာဖြစ်တယ်ဆိုတာ သေချာသလောက်ရှိနေပါပြီး။ လက်တလော Leaks ဖြစ်နေတဲ့ iPhone 17 Air ရဲ့ Design ကတော့ Apple ရဲ့ အပါးလွှာဆုံး ဖုန်းတစ်လုံး ဖြစ်လာမှာ ဖြစ်ပါတယ်။ အရင်က အပါးဆုံး ဖြစ်တဲ့ iPhone 6 ရဲ့ အထူက 6.9mm ဖြစ်ပြီး အခု 17 Air ရဲ့ အထူက 5.5mm သာရှိမှာဖြစ်တယ်လို့ သိရပါတယ်။

iPhone 17 Air ရဲ့ Leaks Design ကို နာမည်ကြီး Leaker ဖြစ်တဲ့ Ice Universe က သူ့ရဲ့ X(Twitter) မှာ တင်ခဲ့တာဖြစ်ပါတယ်။ Ice Universe ရဲ့ Leaks Video အရ 17 Air ရဲ့ Back Camera Design က Google ရဲ့ Pixel Camera ပုံစံမျိုး ဖြစ်နေတာတွေ့ ရပါတယ်။ တကယ်တမ်း ထွက်လာမယ့် iPhone 17 Air ရဲ့ ပုံစံက ဘယ်လိုမျိုးထွက်လာမလဲ ဆိုတာတော့ အတိအကျပြောလို့ မရသေးပါဘူး။ အခု Leaks ဖြစ်နေတဲ့ Design လား ဒါမှမဟုတ် ဘယ်သူမှ မထင်ထားတဲ့ ပုံစံနဲ့ ထွက်လာမလား ဆိုတာကတော့ September လ Apple Event မှာပဲ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ADVERTISEMENT
Exit mobile version