iPad Pro အတွက် M4 Chips အသစ်ကို မိတ်ဆက်ပေးလိုက်တဲ့ Apple

Apple ဟာ iPad အသစ်နဲ့အတူ ၎င်း iPad မှာ ပါဝင်လာမယ့် M4 Chips ကို မိတ်ဆက်ပေးကာ လူတွေရဲ့ စိတ်ဝင်စားမှုကို မြှင့်တင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီ Post မှာတော့ M4 Chips အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

Apple က ပြောထားတဲ့အတိုင်း M4 Chips ဟာ AI Chips တစ်ခုဖြစ်ပြီး လက်ရှိမှာတော့ iPad အတွက် သီးသန့်ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ M4 Chips ကို Second-Generation 3-Nanometer Technology နဲ့ တည်ဆောက်ထားတာဖြစ်ပြီး Up-To-10-Core CPU ပါဝင်မှာ ဖြစ်ကြောင်း သိရပါတယ်။ အတိအကျပြောရရင် Performance Cores ၄ လုံးနဲ့ Efficiency Cores ၆ လုံး တို့အပြင် ၂၈ ဘီလီယံ Transistors တို့ ပါဝင်ကြောင်း Apple က ပြောထားပါတယ်။ သူ့ရဲ့ အလုပ်လုပ်နိုင်မှု စွမ်းအားဟာ အရင် M2 ထက် ၁.၅ ဆ ပိုမြန်မှာ ဖြစ်ပြီး M2 မှာ အမြင့်ဆုံး လုပ်ဆောင်နိုင်တဲ့ အရာကို M4 ကတော့ တစ်ဝက်လောက်သာ အားစိုက်ရမှာ ဖြစ်ကြောင်း Apple က ပြောပါတယ်။

M4 မှာ CPU အပိုင်း သာမက GPU အပိုင်းကိုပါ အဆင့်မြှင့်ထားကြောင်း သိရပါတယ်။ M4 ရဲ့ GPU စနစ်ဟာ M3 ရဲ့ GPU စနစ်ကို အခြေခံထားတယ် ဆိုပေမယ့် Apple က အသစ်တီထွင်ထားတဲ့ Dynamic Caching လို့ခေါ်တဲ့ Features ပါဝင်လာမှာ ဖြစ်ကြောင်း သိရပါတယ်။ ၎င်း Features ကြောင့် Pro Apps များနဲ့ Games များကို ကောင်းမွန်စွာ အသုံးပြုနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ နောက်ထပ် ထူးခြားမှုတစ်ခုကတော့ Designers များအတွက် အရေးပါတဲ့ Ray Tracing လို့ခေါ်တဲ့ အရိပ်များ၊ ရောင်ပြန်ဟက်ခြင်းများ အစရှိတာတွေကို Hardware ပိုင်းအတွင်းမှာတင် သိမြင်နိုင်အောင် အဆင့်မြှင့်တင်ပေးထားကြောင်း Apple ရဲ့ ပြောပြမှုအရ အသိရပါတယ်။ ဒါဟာ iPad တွေမှာ ပထမဦးဆုံး ပါဝင်လာတဲ့ Hardware ပိုင်းဆိုင်ရာ ပြောင်းလဲမှုတစ်ခု ဖြစ်ပါတယ်။

နောက်ဆုံး တစ်ခုကတော့ Powerful အဖြစ်ဆုံး Neural Engine ကို ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်။ Apple ရဲ့ ပြောပြမှုအရ M4 မှာ ပါဝင်တဲ့ Neural Engine ဟာ ထုတ်ထားသမျှ Neural Engine တွေထဲမှာ အမြန်ဆုံးဖြစ်ပြီး တစ်စက္ကန့်မှာ Operations ပေါင်း ၃၈ ထရီလီယံ အထိ ပြုလုပ်ပေးနိုင်မှာ ဖြစ်ကြောင်း သိရပါတယ်။ Neural Engine ဆိုတာဟာ AI လုပ်ဆောင်ချက်များအတွက် အထူးထုတ်လုပ်ထားတဲ့ Engine တစ်ခုဖြစ်သလို M4 Chips ကို Powerful ဖြစ်စေရန် အဓိက သော့ချက်တစ်ခု ဆိုရင်လည်း မမှားပါဘူး။

Apple ရဲ့ ပြောပြမှုအရ M4 Chips နဲ့ iPad ဟာ Battery အစားသက်သာစေမှာ ဖြစ်သလို တစ်နေ့တာအတွက် လုံလောက်တဲ့ Battery ရရှိနိုင်အောင်လည်း ဖန်တီးပေးထားကြောင်း သိရပါတယ်။ Apple ဟာ M4 Chips နဲ့ အတူ အသစ်ထွက်ရှိလာမယ့် iPad အကြောင်းတို့ကို မိတ်ဆက်ပေးခဲ့ပေမယ့် iPad ကို ဘယ်အချိန်ရောင်းချပေးသွားမလဲဆိုတာ အတိအကျ ဖော်ပြထားခြင်း မရှိသေးပါဘူး။ ခန့်မှန်းချက်များအရ ဒီနှစ် WWDC ပွဲမှာ စတင်ရောင်းချပေးလိမ့်မယ်လို့ မျှော်မှန်းထားကြပါတယ်။

Exit mobile version