Apple က Mac အသစ်များနဲ့ Apple Intelligence အတွက် ကြေညာချက်တွေကို အောက်တိုဘာ ၂၈ ရက်မှာ မိတ်ဆက်မည်

Apple က အောက်တိုဘာ ၂၈ ရက်နေ့ တနင်္လာနေ့မှာ စတင်မယ့် ‘Week Of Announcements’ မှာ Mac အသစ်များပါဝင်လာမယ်လို့ သတင်းများအရသိရပါတယ်။ Apple ရဲ့ Worldwide Marketing စီမံခန့်ခွဲမှု အကြီးအကဲ Greg Joswiak က “Mac (😉) your calendars!” ဟု X မှာ ပို့စ်တင်ခဲ့ပြီး တနင်္လာနေ့မနက်မှာ စတင်မယ့် ကြေညာချက်များအတွက် စိတ်လှုပ်ရှားဖွယ် အစီအစဉ်တွေ ရှိနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

Apple က Mac အသစ်များနဲ့ Apple Intelligence အတွက် ကြေညာချက်တွေကို အောက်တိုဘာ ၂၈ ရက်မှာ မိတ်ဆက်မည်

Mac အသစ်တွေမှာ M4 Chipsets အသုံးပြုထားပြီး၊ MacBooks၊ iMacs၊ ၁၄ လက်မနှင့် ၁၆ လက်မ MacBook Pros နောက်ပြီး Redesigned လုပ်ထားတဲ့ Mac mini များကိုပါ ထုတ်ဖော်ပြသမှာ ဖြစ်ကြောင်း သတင်းတွေ ထွက်ရှိနေပါတယ်။ Apple က iPad Pro တွေမှာ M4 chip ကို ယခင်က ပြသခဲ့ပေမယ့် Macs တွေမှာတော့ မရရှိသေးပါဘူး။ M4 Chipsets Macs လာမည့် Shopping Season အတွက် အချိန်မီရောက်ရှိလာနိုင်မယ်လို့လဲ သိရှိရပါတယ်။

လာမယ့် ‘Week Of Announcements’ Apple က M4 Chipsets, MacBooks၊ iMacs အသစ်များအပြင် Apple Intelligence Features တွေကိုပါ စတင် အသုံးပြုခွင့်ပေးသွားမှာ ဖြစ်ကြောင်းသိရှိရပါတယ်။

Exit mobile version