Apple Intelligence ကို ၂၀၂၄ ခုနှစ်ထဲမှာ EU နိုင်ငံတွေ မရရှိသေးပါ

Electronic ဥပဒေနှင့် ပတ်သက်ရင် တင်းကျပ်တဲ့ EU နိုင်ငံတွေမှာတော့ Apple Intelligence ကို အပြည့်အ၀ မယုံကြည်သေးပါဘူး။ iPhone 16 နှင့် အတူထွက်ရှိလာနိုင်မယ့် Apple Intelligence မှာ Open AI နှင့်ပေါင်းစပ်ထားတဲ့ များစွာသော AI feature တွေကို မိတ်ဆက်ခဲ့ပါတယ်။ သို့ပေမယ့် အသုံးပြုသူတွေရဲ့ Data အချက်အလက်တွေကို ပေါက်ကြားနိုင်အောင်လုပ်ဆောင်နိုင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နှင့် Apple ကို EU က အပြည့်အ၀ယုံကြည်မှု မရရှိသေးပါဘူး။

Company ကိုယ်တိုင်က Apple Intelligence, iPhone Mirroring and Share features တွေပါဝင်တဲ့အရာတွေကို EU နိုင်ငံမှာ ၂၀၂၄ အတွင်းမရရှိနိုင်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။ အထူးသဖြင့် Mac ကတစ်ဆင့် ကိုယ့် iPhone ကို သွားထိစရာမလိုပဲ Mac တွေရဲ့ မျက်နှာပြင်မှာတင် iPhone တစ်လုံးလုံးကို အသုံးပြုနိုင်တာကြောင့် security အရ မလိုလားအပ်တာတွေ ဖြစ်ပေါ်နိုင်တယ်လို့ EU အဖွဲ့အစည်းက ယုံကြည်ထားပါတယ်။ သို့ပေမယ့် အခြား device တွေဖြစ်တဲ့ samsaung တို့လို ဖုန်းတွေ tablets တွေမှာတော့ ဒီ features က တည်ရှိနေတာ နှစ်ပေါင်းကြာမြင့်နေပြီ ဖြစ်ပါတယ်။ အလားတူ တရုတ်နိုင်ငံမှာလည်း Apple Intelligence feature ကို မရရှိနိုင်ဘူးလို့လည်း သိထားရပါတယ်။ Apple အနေနှင့် EU နိုင်ငံမှာ Apple Intelligence ကို အသုံးပြုနိုင်ဖို့ အကောင်းဆုံးနည်းလမ်းကို ရှာ​ပြီးလုပ်ဆောင်သွားမယ်လို့လည်း media တွေကို အတိအလင်းပြောကြားထားပါတယ်။ EU မှာရှိတဲ့ Apple users တွေအနေနှင့် ဒီသတင်းကြားပြီး နောက်ပိုင်းမှာ ဝမ်းနည်းနေကြတာကိုလည်း မြင်တွေ့ရပါတယ်။

Apple Intelligence ကို ၂၀၂၄ ခုနှစ်ထဲမှာ EU နိုင်ငံတွေ မရရှိသေးပါ 1

နောင်ထွက်ရှိလာမည့် iPhone 16 series မှာလည်း ဘက်ထရီတွေကို အလွယ်တကူဖြုတ်၊တပ်လို့ရအောင် system မျိုးပါလာမယ်လို့လည်း ကောလဟာလတွေ ထွက်ရှိနေပါတယ်။ ဒီလိုမျိုးဖြစ်လာရတဲ့ အကြောင်းအရင်းကတော့ EU က မျိုးစုံတွန်းအားပေးလာတာကြောင့် ဖြစ်ပါတယ်။ Privacy နှင့် Safety ပတ်သက်လာရင် Apple က အတက်နိုင်ဆုံး တင်းကျပ်ထားပေမယ့်လည်း EU အဖွဲ့အစည်းတွေက Apple နှင့် ဆက်ဆံရေးတင်းမာလာတာကို ယခုနှစ်ပိုင်းအတွင်း တွေ့လာရပါတယ်။ EU တွန်းအားကြောင့် Apple device အားလုံး USB-TypeC ကို ပြောင်းလာခြင်;၊ Third Party apps တွေကို ​install ပေးလုပ်လာခြင်းတွေက ကောင်းသော ရလာဒ်တွေဖြစ်ပေမယ့် ယခုလို Apple Intelligence ကို တင်းကျပ်ခြင်းကတော့ အသုံးပြုသူတွေ မနှစ်သက်ကြပါဘူး။ ဒီ ဥပဒေစည်းမျဉ်းစည်းကမ်းကိုတော့​ Antitrust Regulations ဆိုပြီး နာမည်တပ် ခေါ်ဝေါ်နေကြပါတယ်။ အလားတူ အခြား companies တွေမှာ ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာပါ။

Exit mobile version