Apple Intelligence ကိုဘာကြောင့်​ Apple Device အားလုံးမှာ မရတာလဲ

ရက်ပိုင်းလေးတင်ကမှ ကြေငြာသွားခဲ့တဲ့ Apple ရဲ့ OS တွေထဲမှာ Apple Intelligence ကိုပါ ကြေငြာသွားပါတယ်။ တစ်ချို့လူတွေကတော့ ဝမ်နည်းစွာပဲ အားမလိုအားမရ ဖြစ်ခဲ့ပါတယ်။ Apple Intelligence ကို device အားလုံးမှာ အသုံးပြုလို့ရမှာ မဟုတ်ပဲ iPhone15 Pro model နှင့် M- series chipset ပါတဲ့ iPad တွေနှင့် Mac တွေမှာပဲ အသုံးပြုလို့ရမယ်လို့ ကြေငြာသွားပါတယ်။ နောက်ဆုံးပေါ် iPhone15 ကိုင်ထားတဲ့လူတွေတောင် Pro version မဟုတ်တဲ့အတွက် Apple Intelligence ကို အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ အကြောင်းရင်းကတော့ chispet တွေကြောင့်ပါ။

Apple Intelligence ကိုဘာကြောင့်​ Apple Device အားလုံးမှာ မရတာလဲ 1

Apple ရဲ့ chipset တွေက အရမ်းမြန်ပြီး လုပ်ဆောင်မှုကောင်းပေမယ့် AI power လိုမျိုးကို ကိုင်တွယ်နိုင်ဖို့က Memory 8GB အနည်းဆုံးလိုအပ်ပါတယ်။ Apple ရဲ့ iPhone chipset နောက်ဆုံးမှာ memory 8GB ပါတာက 15 Pro series တစ်ခုတည်းသာရှိပါတယ်။ ဒါကြောင့် ဖုန်း မော်ဒယ်တွေအားလုံးမှာမှ 15 Pro series သာ Apple Intelligence ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် အခြား model တွေမှာ AI လုံး၀ မပါတာတော့ မဟုတ်ပါဘူး။ အထူးသဖြင့် Generative Content ကိုဖန်တီးနိုင်တဲ့ Genmoji လို features တွေအတွက်တော့ Memory 8GB ပါတဲ့ chipset တွေလိုအပ်ပါတယ်။ သာမန် Games နှင့် Apps တွေအတွက်တော့ အခြား ဖုန်းမော်ဒယ်တွေကလည်း ပြည့်စုံပါတယ်။ ထို့နည်းတူ M-series chipset တွေပါတဲ့ iPad နှင့် Macs တွေကလည်း အလုပ်လုပ်ပုံချင်းတူတာကြောင့် M series chipset ပါတဲ့ device တွေက Apple Intelligence ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Apple ရဲ့ ပရိယာယ် နှင့် ပြိုင်ဖက်များအကြား အားသာမှု

Apple Intelligence ကိုဘာကြောင့်​ Apple Device အားလုံးမှာ မရတာလဲ 2

Apple လို့ဆိုလိုက်တာနှင့် စျေးကြီးကြောင်း လူအများက နားလည်ကြပါတယ်။ သို့ပေမယ့် အရည်အသွေးကောင်းမှုနှင့် ကြာရှည်ခံမှုတွေကြောင့် လူတွေက မျက်စိမှိတ် ဝယ်ယူသုံးစွဲကြပါတယ်။ M1 Chipset နှင့် A16 Bionic Chipset ရဲ့ Processing Unit ကို ယှဉ်ကြည့်တဲ့အခါ A16 Chipset က သာလွန်နေတာကိုတွေ့ရပေမယ့် Apple Intelligence ကို M1 chipset ကသာ စတင်အသုံးပြုလို့ရတဲ့အချက်က စဉ်းစားစရာ ဖြစ်နေပါတယ်။ အနှစ်ချုပ်လိုက်တဲ့အခါမှာတော့ နောက်ထုတ်တဲ့ products တွေကို ရောင်းအားကောင်းအောင် တစ်ဖက်နည်းလမ်းဖြင့် ဆွဲဆောင်ခြင်း ဖြစ်ပါတယ်။

AI power အပြေးပြိုင်ပွဲကို ပြိုင်ဖက်တွေနှင့် ယှဉ်လိုက်ပြီး အဆုံးအဖြတ်ကြည့်လိုက်တဲ့အခါမှာတော့ Apple Intelligence က Processing power 11 unit လောက်သာ လိုအပ်ပြီး Copilot ကတော့ 40 unit လောက်အနည်းဆုံး လိုအပ်တာကို တွေ့ရပါတယ်။ Apple Intelligence ကတော့ နောက်မှ ရောက်ရှိလာတဲ့ အပြေးသမားဖြစ်ပေမယ့် သွက်လက်ချက်ချာတာကို တွေ့မြင်ရပါတယ်။

Exit mobile version