Apple ရဲ့ ဝန်ထမ်းဟောင်းတစ်ဦး အလွဲသုံးစားလုပ်မှုနဲ့ ဒေါ်လာ ၁၉ သန်းကျော်ပေးလျှော်ရ

Apple ရဲ့ ဝန်ထမ်းဟောင်းဖြစ်သူ Dhirendra Prasad ဟာ အသက် (၅၅) နှစ်ရှိပြီး သူ့ကို ၂၀၂၂ ခုနှစ် မတ်လ ကတည်းက ကုမ္ပဏီအပေါ်အလွဲသုံးစားလုပ်မှုနဲ့ တရားစွဲဆိုခြင်း ခံခဲ့ရသူဖြစ်ကာ အခုတော့ အမှုကိုဝန်ခံလိုက်ပြီ ဖြစ်ပါတယ်။

Prasad ဟာ Apple မှာ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ Apple ရဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုပေးဝေရေးကွင်းဆက်တွင် ဝယ်သူအဖြင့် အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ဝန်ခံချက်အရ သူ့ရဲ့ ရာထူးကို ၂၀၁၁ ခုနှစ်လောက်မှာစတင်ကာ လာဘ်လာဘအတွက် အသုံးချခဲ့တယ်လို့ သိရပါတယ်။ သူဟာ ပစ္စည်းတွေ ခိုးယူခြင်း၊ ငွေများကို လိမ်လည်ကာ စာရင်းတင်ပြခြင်း နှင့် အခြားကုမ္ပဏီကြီး နှစ်ခုနဲ့ပေါင်းကာ အခွန်ရှောင်ခြင်း အစရှိတာတွေကို ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။

သူကိုယ်တိုင် အမှုကိုဝန်ခံခဲ့တဲ့အတွက် အမေရိကန်တရားရေးဌာနက Prasad ကို ထောင်ဒဏ် (၃) နှစ်နှင့် ဒဏ်ကြေးငွေ ဒေါ်လာ ၁၉သန်းကျော်ပေးရန် အမိန့်ချမှတ်ခဲ့ပါတယ်။ အတိအကျပြောရရင် ၁၉၂၇၀၆၈၃ ဒေါ်လာဖြစ်ပြီး ၁၇၃၉၈၁၀၄ ဒေါ်လာကို Apple အား ပေးလျှော်ရမည်ဖြစ်ကာ ၁၈၇၂၅၇၉ ဒေါ်လာကတော့ အခွန်အတွက် IRS ကို ပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါတွေအပြင် သူ့ရဲ့ပိုင်ဆိုင်မှု ၅.၄ သန်းကျော်ကိုလည်း အစိုးရက သိမ်းယူလိုက်ပြီဖြစ်သလို နောက်ထပ် ဒေါ်လာ ၈.၁ သန်းကိုလည်း အစိုးရကို ထပ်မံပေးဆောင်ဖို့ အမိန့်ချမှတ်ထားတယ်လို့ သိရပါတယ်။

ADVERTISEMENT
Exit mobile version