iOS 18 ရဲ့ AI Features များအတွက် OpenAI နဲ့ ပူးပေါင်းတော့မယ့် Apple

Apple ဟာ မကြာမီ ကျင်းပတော့မယ့် WWDC ပွဲအတွင်းမှာ AI Featuers များနဲ့ ပြည့်နေတဲ့ iOS 18 ကို မိတ်ဆက်ပေးဖို့ ရည်ရွယ်ထားတာကြောင့် AI Features များအတွက် Google ၊ OpenAI တို့နဲ့ ဆွေးနွေးတိုင်ပင်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။ Bloomberg ရဲ့ သတင်းထောက် Mark Gurman ပြောပြမှုအရ Apple ဟာ နောက်ဆုံးမှာတော့ OpenAI ကို ရွေးချယ်လိုက်ကြောင်း သိရပြီး အတိအကျတော့ မဟုတ်သေးဘူးလို့လည်း ၎င်းက ထည့်သွင်းပြောကြားထားတာ တွေ့ရပါတယ်။

iOS 18 မှာ ပါဝင်တဲ့ Features အများစုကို Apple ရဲ့ Data Centers ဖြစ်တဲ့ Apple Silicon Processors များဖြင့် လည်ပတ်သွားမှာဖြစ်ကြောင်း ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ထုတ်ပြန်ထားပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Apple ဟာ AI Features အသစ်များအတွက် အဆင်သင့် အနေအထားမှာ ရှိနေပြီဖြစ်ကြောင်း ခန့်မှန်း သိရှိနိုင်ပါတယ်။ လက်ရှိ သတင်းများအရ OpenAI ကို Apple က ရွေးချယ်ထားကြောင်း သိနိုင်ပေမယ့် Apple နဲ့ OpenAI တို့ဘက်မှ ထုတ်ပြန်ခြင်း မရှိသေးတာကြောင့် အတည်မှတ်ယူလို့ မရသေးပါဘူး။

OpenAI ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကျင်းပခဲ့တဲ့ ပွဲအတွင်းမှာ Siri နဲ့ Google Assistant တို့ရဲ့ ပြိုင်ဘက်ဖြစ်တဲ့ OpeanAI ရဲ့ AI Voice Assistant ကို မိတ်ဆက်ခဲ့ပါသေးတယ်။ ဒါဟာ Apple အတွက် ပြိုင်ဘက်အဖြစ် မှတ်ယူနိုင်သလို Siri အတွက် အထောက်အကူ ဖြစ်စေနိုင်တယ်လို့လည်း မှတ်ယူနိုင်တဲ့ အခြေအနေတစ်ခုမှာ ရှိနေတာ ဖြစ်ပါတယ်။

Exit mobile version