Apple က ဒီနှစ်ထဲမှာ iPhone အတွက် app အသစ်နှစ်ခုကို ထုတ်ပေးသွားတော့မယ်လို့ သိရပါတယ်။ တစ်ခုက လုပ်ငန်းသုံးအတွက်ဖြစ်တဲ့ ‘Apple Business’ app ဖြစ်ပြီး နောက်တစ်ခုကတော့ လူတိုင်း စိတ်ဝင်စားနေကြတဲ့ chatbot ပုံစံ ‘Siri’ app အသစ်ပါပဲ။
Apple Business app ကတော့ ကုမ္ပဏီဝန်ထမ်းတွေအတွက်ပါ။ သူတို့က ဒီ app ကနေ အလုပ်အတွက်လိုတဲ့ app တွေကိုသွင်းတာ၊ လုပ်ဖော်ကိုင်ဖက်တွေရဲ့ contact တွေကိုကြည့်တာ၊ support တောင်းတာတွေ လုပ်နိုင်မှာပါ။ ဒါက အရင်ကရှိခဲ့တဲ့ Apple Business Essentials, Manager နဲ့ Connect ဆိုတဲ့ service သုံးခုကို တစ်ခုတည်းအဖြစ် ပေါင်းလိုက်တာဖြစ်ပြီး ဧပြီလ ၁၄ ရက်နေ့မှာ စတင်ရရှိနိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ် app ကတော့ Siri app အသစ်ပါ။ Apple က တရားဝင်တော့ မကြေညာသေးပေမယ့် ChatGPT တို့ Gemini တို့လိုမျိုး AI chatbot ပုံစံအသစ်နဲ့ ထွက်လာမှာဖြစ်ပါတယ်။ ဒီ app အသစ်မှာတော့ Siri ကို စာရိုက်ပြီးဖြစ်စေ၊ အသံနဲ့ဖြစ်စေ စကားပြောနိုင်မှာဖြစ်ပြီး၊ အရင်ကပြောခဲ့တဲ့ စကားတွေကိုလည်း conversation history အနေနဲ့ ပြန်ကြည့်လို့ရမှာပါတဲ့။ ဒီ app ကတော့ iOS 27 နဲ့အတူ ဒီနှစ်နှောင်းပိုင်းမှာ ပါဝင်လာဖို့ ရှိပါတယ်။
Apple Business app က ကုမ္ပဏီသုံး market ကို Apple က ပိုပြီးအလေးထားလာတာကို ပြသပြီး၊ Siri ကို သီးသန့် app တစ်ခုအဖြစ် ခွဲထုတ်လိုက်တာကတော့ အကြီးမားဆုံးသော ခြေလှမ်းပါပဲ။ ဒါက Apple ကို OS တစ်ခုလုံးကို update လုပ်စရာမလိုဘဲ Siri ကိုပဲ သီးသန့်၊ ပိုပြီးမြန်မြန်ဆန်ဆန် update တွေလုပ်နိုင်အောင် လမ်းဖွင့်ပေးလိုက်တာပါ။ ပြောရရင်တော့ AI ပြိုင်ဆိုင်မှုထဲမှာ နောက်ကျမကျန်ခဲ့အောင် အရှိန်တင်လိုက်တဲ့ Apple ရဲ့ အရေးကြီးဆုံး ခြေလှမ်းတစ်ခုလို့ ဆိုရမှာပါ။