Apple App Store မှ Retro Games simulators အတွက် permission ပေး

Apple က Privacy နှင့်ပတ်သက်ရင် အခြား platform တွေနှင့် မတူပဲ တင်းကျပ်ပါတယ်။ မကြာသေးမီကမှ EU ရဲ့ စည်းမျဉ်းစည်းကမ်းတွေကြောင့် အချို့အရာတွေကို ဖြေလျော့ပေးခဲ့ရပါတယ်။ Android apps တွေလိုမျိုး third party apps တွေကို ဖုန်းမှာ install လုပ်ခွင့်ကို လက်ရှိမှာ EU နိုင်ငံတွေကို ခွင့်ပြုပေးထားပါတယ်။ ဒီနေ့မှာတော့ ၁၉၈၀ ခုနှစ်လောက်တုန်းက အောင်မြင်ခဲ့တဲ့ retro games တွေကိုကစားနိုင်မယ့် simulators apps တွေကို ခွင့်ပြုပေးလိုက်ပါတယ်။

အရင်တုန်းက iPhone တွေမှာ android phones တွေလိုမျိုး features အစုံမရပါဘူး။ Android Phones တွေလိုမျိုး သုံးချင်ရင် jailbreak လုပ်ပြီးမှ သုံးရပါတယ်။ EU ရဲ့ laws အသစ်တွေကြောင့် ယနေ့မှာ retro games တွေ ကစားနိုင်အောင် third party app တွေပါ ခွင့်ပြုပေးလိုက်ပါတယ်။ အရင်က တရားမဝင် ခက်ခက်ခဲခဲလုပ်ရတဲ့ apps တွေကိုလည်း မကြာခင်မှာ App store မှာ မြင်တွေ့လာနိုင်ပါတယ်။ မကြာခင် လအတွင်းမှာ ထွက်ရှိတော့မည့်​ iOS version အသစ်နှင့်အတူ permission တွေကြောင့် iPhone က ဆန်းသစ်လာနိုင်ပါတယ်။

Exit mobile version