AI အတွက်နဲ့ Apple နှင့် Meta တို့ လက်တွဲ

နည်းပညာလောက သမိုင်းတစ်လျှောက်မှာ တစ်ခါမှ လက်တွဲခဲ့တာမျိုး မရှိသေးတဲ့ Apple နဲ့ Meta တို့ဟာ iOS 18 မှာ ပါဝင်လာမယ့် AI Features များအတွက် လက်တွဲလိုက်ပြီ ဖြစ်ပါတယ်။

Apple ရဲ့ CEO Tim Cook နဲ့ Meta ရဲ့ CEO Mark Zuckerberg တို့ဟာ အပြင်မှာ တစ်ဦးနှင့် တစ်ဦး အရမ်းရင်းနှီးကြတဲ့ ပုံစံမျိုးလည်း မရှိပါဘူး။ Apple ဟာ iOS 18 မှာ ပါဝင်မယ့် AI Features များအတွက် OpenAI နဲ့ လက်တွဲကာ လုပ်ဆောင်သွားမယ်လို့ ကြေငြာထားသလို အခုဆိုရင် Meta နဲ့ပါ ထပ်မံလက်တွဲလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် Google Gemini ၊ Perplexity ၊ Anthropic နှင့် အခြားသော AI နည်းပညာကုမ္ပဏီများနဲ့လည်း စကားပြောထားတာမျိုးတွေ ရှိနေပါသေးတယ်။

ဒါ့ကြောင့် Apple ရဲ့ AI လမ်းစဥ်ဟာ အခြားသော နည်းပညာကုမ္ပဏီကြီးများနဲ့ မတူကွဲပြားနေတာ တွေ့ရပြီး AI အားလုံးကို ရောနှောကာ ဘယ်လိုမျိုး အသုံးပြုသွားမလဲဆိုတာ စိတ်ဝင်စရာပဲ ဖြစ်ပါတယ်။ Apple ရဲ့ ကြေငြာထားချက်အရ Apple ရဲ့ AI ဖြစ်တဲ့ Apple Intelligence ပါဝင်လာမယ့် iOS 18 ကို ဒီနှစ် အကုန်လောက်မှာ Public ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

Exit mobile version