Apple AI က ဘာကြောင့် အခြားပြိုင်ဖက် AI တွေနှင့် မတူပဲ ကွဲပြားလဲဆိုတာ ပြောပြတဲ့ Apple အမှုဆောင်များ

Apple Intelligence ကို စောင့်မျှော်နေကြတဲ့ Apple ပရိတ်သတ်တွေက ဘယ်လို feature နှင့်လာမလဲဆိုတာ အားလုံးသိပြီးကြပြီဖြစ်ပါတယ်။ သိုပေမယ့် Apple Intelligence ကို မိတ်ဆက်သွားပြီးနောက်ပိုင်းမှာ Privacy နှင့် ပတ်သက်တဲ့ မေးခွန်းတွေက လူတွေကြားမှာ ယနေ့အချိန်ထိ ပြန့်နှံ့လျက်ရှိပါတယ်။ AI တွေက အသုံးပြုသူရဲ့ privacy နှင့် ပတ်သက်ရင် မလုံခြုံတာကြောင့် Apple အနေနှင့် ဘယ်လိုပြင်ဆင်ထားလဲ၊ ဘာကြောင့် ပြိုင်ဖက်တွေနှင့် မတူပဲ ကွဲပြားတယ်ဆိုတာ ဒီနေ့မှာတော့ Apple အမှုဆောင်တွေက ပြောပြသွားမှာ ဖြစ်ပါတယ်။

ပထမဦးဆုံအနေနှင့် Software Chief, Craig Fedreighi နှင့် AI chief John Giannandrea က Apple အနေနှင့် အခြားAI ပြိုင်ဖက်လုပ်ဆောင်ပုံ မတူကြောင်းပြောကြားခဲ့ပါတယ်။ မတူတဲ့အချက်ကတော့ Apple က သူ့ရဲ့ device အပေါ်မှာပဲ focus လုပ်သွားမှာဖြစ်ပြီး AI အနေနှင့်လည်း personal data ကို အသုံးပြုတဲ့အခါမှာ အားလုံးကို အသုံးမပြုပဲ အသုံးပြုနိုင်တဲ့ data ကိုသာ အသုံးပြုမှာလို့ ပြောကြားသွားခဲ့ပါတယ်။ Tasks တွေလုပ်တဲ့အခါမှာလည်း battery ကို အရမ်းကြီးအသုံးမပြုပဲ power အနည်းငယ်သာအသုံးပြုအောင် စီမံထားတယ်လို့ ဆိုပါတယ်။ “AI က အသုံးပြုသူတွေကို အစားမထိုးပဲ ပိုမိုကောင်းမွန်အောင်သာ ပံ့ပိုးမှုပြုလုပ်သွားမယ်။” လို့ Federighi က ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။ Apple AI က ပထမဦးဆုံး ထွက်ရှိလာတာနှင့် အသုံးပြုသူပေါင်း ၂ဘီလီယံကျော်ဖြစ်လာနိုင်ပြီး features တွေကို ကိုယ်ပိုင် cloud servers တွေနှင့် run မှာဖြစ်တာကြောင့် ပြိုင်ဖက် AI companies တွေလိုမျိုး စွမ်းဆောင်ရည်မြင့်မားတဲ့ Nvidia chipset တွေလိုမျိုး လိုအပ်မှာ မဟုတ်ပါဘူး။

သင့်ရဲ့ Device မှာ အများဆုံးရှိနေမယ့် Apple’s AI

Apple AI က ဘာကြောင့် အခြားပြိုင်ဖက် AI တွေနှင့် မတူပဲ ကွဲပြားလဲဆိုတာ ပြောပြတဲ့ Apple အမှုဆောင်များ 1

Apple ရဲ့ AI က အခြား AI companies တွေလိုမျိုး အကြီးကြီးမဟုတ်ပါဘူး။ Computing power နှင့် memory အတွက် Apple ရဲ့ ကိုယ်ပိုင် chipset မှာတင် run မှာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် Battery ကုန်တာကို လျှော့နိုင်မှာ ဖြစ်ပါတယ်။ Phone ပေါ်မှာ မလုပ်နိုင်တဲ့အရာတွေမှသာ Apple က Cloud access လုပ်မှာဖြစ်ပါတယ်။ OpenAI နှင့် လက်တွဲထားတာကြောင့် အသုံးပြုသူတွေလိုချင်တဲ့အဖြေကို OpenAI ရဲ့ အကူအညီနှင့် ဖြေကြားပေးမှာ ဖြစ်ပါတယ်။ ဒီ feature ကိုလည်း အလိုအလျောက် လုပ်ပေးတာမျိုးမဟုတ်ပဲ အသုံးပြုသူက ခွင့်ပြုမှသာ လုပ်ဆောင်မှာ ဖြစ်ပါတယ်။ Features တွေအနေနှင့်ပြောရမယ်ဆိုရင် ဘာသာပြန်ခြင်း၊ email ကို အလိုအလျောက်ရေးခိုင်းခြင်း၊ documents တွေကို အသစ်ရေးခြင်း စသဖြင့် features တွေကို လုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီ features တွေက အခြားပြိုင်ဖက် companies တွေမှာ လုပ်ဆောင်နိုင်တာ ကြာမြင့်ခဲ့ပြီဖြစ်ပေမယ့် အခုမှ Apple က ဒီ ​feature တွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ မတူညီတဲ့ အကြီးမားဆုံးတစ်ချက်ကတော့ Apple အသုံးပြုသူတွေအနေနှင့် ဒီ features တွေကို အခမဲ့အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ” ကျွန်တော်တို့အနေနှင့် အသုံးပြုသူတွေရဲ့ Data တွေကို အခြား cloud server ကို ဒီအတိုင်း ပို့တာမျိုးတော့ လုံး၀လုပ်မှာ မဟုတ်ဘူး” Giannandrea က ပြောကားခဲ့ပါတယ်။ အရာအားလုံးက private ဖြစ်ပြီး​ အသုံးပြုသူက သူ့ရဲ့ data တွေကို ထိန်းချုပ်ခွင့် အပြည့်အ၀ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

AI တွေကို ထပ်မြင်တွေ့ရမယ့် Apple

Apple AI က ဘာကြောင့် အခြားပြိုင်ဖက် AI တွေနှင့် မတူပဲ ကွဲပြားလဲဆိုတာ ပြောပြတဲ့ Apple အမှုဆောင်များ 2

OpenAI ရဲ့ ChatGPT ကို Apple ရဲ့ OS မှာ ပေးဝင်လိုက်ပြီဆိုတဲ့အချက်နှင့်အတူ နောင်ထွက်ရှိလာမယ့် Apple ရဲ့ OS အသစ်တွေမှာ AI feature က အလိုအလျောက် ပါရှိလာတော့မှာ ဖြစ်ပါတယ်။ နောင်ငါးနှစ်လောက်မှာတော့ Apple ရဲ့ OS ပုံစံကလည်း ယနေ့မြင်တွေ့နေရတဲ့ OS လိုမျိုးမဟုတ်ပဲ ChatGPT နှင့်အတူ ဖန်တီးထားတဲ့ OS ပုံစံဖြစ်လာပါတယ်။ Android နှင့် Microsoft လိုမျိုးပေါင်းစပ်ထားတဲ့ OS တွေလိုမျိုး အနာဂတ်မှာ တူလာမလား၊ မတူညီပဲ ကွဲထွက်နေတဲ့ OS ပုံစံလာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ သုံးသပ်သူအချို့ကတော့ Apple က အရင်လို Apple ပုံစံအနေနှင့် မတူညီတော့မှာလို့ သုံးသပ်နေကြပါတယ်။ အချို့ကတော့ Apple ရဲ့ အနာဂတ်က ပိုပြီးတောက်ပလာမယ်လို့လည်း သုံးသပ်နေကြပါတယ်။

Exit mobile version