Apple မှာ ဝန်ထမ်းပေါင်းရာကျော်က product အသစ်အတွက် စနေပြီလို့ သတင်းရရှိပါတယ်။ မကြာသေးမီက Apple မှ Car project ကို အပြီးတိုင်ဖျက်သိမ်းလိုက်ပြီလို့ ကြေငြာခဲ့ပြီး အခုချိန်မှာတော့ Tabletop project ကို စတင်နေပြီလို့ Bloomberg Media မှ တစ်ဆင့်သိလိုက်ရပါတယ်။ Tabletop device ကို ရည်ရွယ်ချက်များစွာအတွက် ထုတ်လုပ်မှာဖြစ်ပြီး သင့်ရဲ့အိမ်အတွင်းရှိ smart device တွေကို ထိန်းချုပ်နိုင်စွမ်းရှိမှာ ဖြစ်ပါတယ်။ Video Conferences, Monitor Home security နှင့် အခြားအရာအားလုံးကို ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒီ Project က ၂၀၂၆ ခုနှစ်မတိုင်မီမှာပြီးဆုံးပြီး အချောသတ်ထွက်လာမှာ ဖြစ်ပါတယ်။ ၂၀၂၇ ခုနှစ်မှာတော့ လူတွေလက်ထဲရောက်ရှိလာမှာ ဖြစ်ပြီး စျေးနှုန်းအားဖြင့် ၁၀၀၀ ဒေါ်လာနဲ့ ရောင်းချမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
Voice command အနေနှင့် Siri က တစ်ဆင့်အသုံးပြုနိုင်ပြီး “Look at me” လို့ပြောလိုက်တာနှင့် screen က ကိုယ်ရှိတဲ့ဖက်ကို မျက်နှာမူလာတဲ့ function မျိုးတွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ Apple အနေနှင့် ဒီ device ထွက်လာပြီးတဲ့အခါမှာလည်း robotic ဘက်ကို ခြေဆန့်လာဖို့ရှိနေပါတယ်။