Apple ရဲ့ ဒီဇိုင်နာဟောင်း Jony Ive နှင့် OpenAI တို့ပူးပေါင်းပြီး AI device startup စတင်

လွန်ခဲ့တဲ့ ၅နှစ်ခန့်က Apple ရဲ့ legendary designer ဖြစ်တဲ့ Jony Ive က Apple မှ အလုပ်ထွက်ခဲ့ပြီးနောက် ကိုယ်ပိုင် company တစ်ခုအပြင် အခြား companies တွေနှင့်ပူးပေါင်းပြီး projects တွေလုပ်ကိုင်ခဲ့ပါတယ်။ ယခုထွက်ရှိလာတဲ့သတင်းအရ OpenAI company နှင့် Jony တို့ပူးပေါင်းပြီး AI device တစ်ခုအတွက် ပူးပေါင်းလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ မနှစ်တည်းက ထွက်ရှိလာတဲ့သတင်းအရ ဒီနှစ်မှာတော့ New York Times က အတည်ပြုလိုက်ပါပြီ။ ယခု Startup လုပ်ငန်းရဲ့ နာမည်ကိုတော့ Jony Ive ကိုယ်တိုင် media တွေကို ပြောကြားခြင်းမရှိပါဘူး။ OpenAI CEO, Sam Altman နှင့် ညစာတူတူစားတဲ့အချိန်ကစပြီး အိုင်ဒီယာရကာ ဒီ Project ကို စတင်ခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Apple ရဲ့ ဒီဇိုင်နာဟောင်း Jony Ive နှင့် OpenAI တို့ပူးပေါင်းပြီး AI device startup စတင် 1

AI Startup လုပ်ငန်းကတော့ လူတွေအလွယ်တကူအသုံးပြုနိုင်တဲ့ AI device တစ်ခုဖြစ်ပြီး phones တွေလို အနှောင့်အယှက်ပေးတာ နည်းတဲ့ device တစ်လုံးဖြစ်တယ်လို့ သိရပါတယ်။ Industrial Designer, Marc Newson က Jony Ive နှင့် တူတူအလုပ်လုပ်နေတဲ့ designer တစ်ယောက်ဖြစ်ပြီး ဘယ်အချိန် device ထွက်လာမလဲဆိုတာ မသိရေသးဘူးလို့လည်း ပြောကြားထားပါတယ်။ သို့ပေမယ့် ဒီ stratup က လက်ရှိမှာ fundraising အဆင့်ပဲ ရှိသေးတယ်လို့သိရပြီး နှစ်အကုန်မှာ ဒေါ်လာ ၁ ဘီလီယံထိ ရအောင် မျှော်မှန်းထားတယ်လို့ သိရပါတယ်။

Exit mobile version