Apple ရဲ့ iOS သမိုင်းထဲမှာ အကြီးမားဆုံးပြောင်းလဲမှု ဖြစ်လာမယ့် iOS 18

iPhone ဆိုပြီး စတင်မိတ်ဆက်တဲ့အချိန်တည်းက iPhone တွေက ကိုယ်ပိုင် OS နဲ့ ထွက်လာပြီး iOS version တွေအများကြီးပြောင်းလဲလာခဲ့ပါတယ်။ iPhone 4s စတင်မိတ်ဆက်တဲ့အချိန်ကတော့ ကိုယ်ပိုင် assistant ဖြစ်တဲ့ siri ကို Steve Jobs က စတင်မိတ်ဆက်ခဲ့ပါတယ်။ ဒီနေ့မှာတော့ AI တွေရဲ့ တိုးတက်လာမှုနှင့်အတူ နည်းပညာ companies ကြီးတွေက AI နည်းပညာပေါင်းစပ်မှုနှင့်အတူ ဖုန်းအသစ်တွေမှာ AI နည်းပညာတွေထည့်လာတဲ့အကြောင်း ကြော်ငြာလာကြပါတယ်။ မကြာသေးမီကမှ အသစ်ထွက်ရှိထားတဲ့ Samsaung Galaxy Ultra 24 က တိုက်ရိုက် ဘာသာစကားကို ဘာသာပြန်ပေးနိုင်တဲ့အထိ ကောင်းမွန်တဲ့ AI စနစ်တွေပါလာတာကို ပြသခဲ့ပါတယ်။ Apple ကတော့ သူများတွေနဲ့ အရင်တည်းက မတူပဲ သူ့ရဲ့လမ်းကြောင်းအတိုင်းသွားတာဖြစ်ပါတယ်။ ဥပမာ အခြားဖုန်းတွေမှာ ပါဝင်တဲ့ feature တွေကို နှစ်အတော်ကြာမှ မိတ်ဆက်တာမျိုးတွေ ဖြစ်ပါတယ်။ iPhone 15 series မှ EU ရဲ့ ဖိအားပေးမှုကြောင့် Type-C ကို iPhone မှာစတင်မိတ်ဆက်တာမျိုး ဖြစ်ပါတယ်။ သာမန် Android phones တွေမှာ ပါဝင်တဲ့ အလန်းစား AI feature တွေကို Apple မှာ ဘယ်အရာနှင့် ပြသလာမလဲဆိုတာတော့ လူတိုင်းစောင့်ကြည့်နေကြပါတယ်။ ဒီအဖြေကိုတော့ မကြာခင်လပိုင်းမှာလာမယ့် Apple Developer Conference မှာ iOS18 နဲ့ ထုတ်ပြမှာ ဖြစ်ပါတယ်။

iOS18 မှာ ပါလာနိုင်ဖို့ သေချာတဲ့ features များ

Apple ရဲ့ iOS သမိုင်းထဲမှာ အကြီးမားဆုံးပြောင်းလဲမှု ဖြစ်လာမယ့် iOS 18 1

Siri နှင့် Messages မှာ ပိုမိုကောင်းမွန်တဲ့ Generative AI feature တွေ ပါဝင်လာမှာဖြစ်ပါတယ်။ Apple Music မှာလည်း​ နားထောင်တဲ့ user အပေါ်မူတည်ပြီး ပိုမိုကောင်းမွန်တဲ့ သီချင်းတွေကို ပြသပေးမယ့် features တွေ ပါဝင်လာနိုင်ပါတယ်။ Xcode အတွက်လည်း Developers တွေအသုံးပြုရ ပိုလွယ်စေတဲ့ features တွေ သေချာပေါက် ပါဝင်လာနိုင်ပါတယ်။ လုပ်ငန်းခွင် Built in App တွေဖြစ်တဲ့ Pages, Keynotes တွေလည်း ပိုအသုံးပြုလို့ကောင်းတဲ့ features တွေရရှိလာမှာ ဖြစ်ပါတယ််။ RCS (Rich Communication Services) ကို အခြား device တွေနည်းတူ အတူတူ စာပို့နိုင်တဲ့ စနစ်ထဲ ဝင်ရောက်လာမယ်လို့လည်း သိရပါတယ်။ iOS18 ပြသဖို့ အချိန်အားဖြင့် လေးလခန့်လိုနေပါသော်လည်း Apple fans တွေကတော့ စိတ်ဝင်တစား ထင်ကြေးတွေပေးပြီး စောင့်ဆိုင်းနေကြပါတယ်။

Exit mobile version