Apple ရဲ့ AI strategy (သို့မဟုတ်) Siri 2.0

Apple ရဲ့ လတ်လတ်ဆတ်ဆတ်ထွက်ရှိထားတဲ့ Vision Pro ကို အသုံးပြုသူနှင့် ဝယ်ယူသူတွေက လက်ရှိမှာ မြင့်တက်နေပါတယ်။ တစ်ချိန်တည်းမှာပဲ Meta ရဲ့ CEO, Mark Zuckerberg က သူ့ရဲ့ Quest က Vision Pro ထက်ပိုကောင်းမွန်တဲ့အကြောင်း video နှင့်တစ်ကွ တင်ပြထားပါတယ်။ သတင်းမီဒီယာတွေအရ Vision Pro ကို ပြန်အပ်တဲ့လူလည်း များနေကြောင်းသိရပါတယ်။

Apple ရဲ့ AI strategy (သို့မဟုတ်) Siri 2.0 1

ဖေဖော်ဝါရီလ ၁ ရက်နေ့က Apple ရဲ့ CEO, Tim Cook က ဒီနှစ်ကုန်ခါနီးလောက်မှာ Apple ရဲ့ AI အသစ်တွေကို ချပြမယ်ဆိုတဲ့အကြောင်း အတိအလင်းကြေငြာခဲ့ပါတယ်။ ဒီ AI အသစ်တွေကို​ ထွက်ရှိလာမယ့် iPhone 16 မှာလည်း မြင်တွေ့ရနိုင်ပါတယ်။ ဒီသတင်းအပြီးနောက်ပိုင်းမှာတော့ Apple ရဲ့ stock စျေးကွက် အနည်းငယ်မြင့်တက်သွားပါတယ်။ Siri 2.0 နဲ့ iPhone 16 မှာ မြင်တွေ့ရနိုင်ပြီး AI ရဲ့ လိုအပ်ချက်တွေနှင့်အညီ chipset တွေလည်း ကောင်းမွန်လာမှာဖြစ်ပါတယ်။ iPhone အသစ်စျေးတွေလည်း အနည်းငယ်မြင့်တက်လာနိုင်ပါတယ်။ iOS လည်း အသစ်ထွက်ရှိလာတဲ့ AI တွေနှင့်အတူ ပိုမိုကောင်းမွန်တဲ့ user experience တွေကို တွေ့ရလာနိုင်ပါတယ်။

Apple ရဲ့ AI strategy (သို့မဟုတ်) Siri 2.0 2

9to5Mac ရဲ့ ပြောကြားချက်အရ Apple က ၂၀၂၃ ခုနှစ်မှာ AI startups လုပ်ငန်းအသေး ၃၂ခုကို ဝယ်ယူခဲ့တယ်လို့သိရပါတယ်။ ထွက်ရှိလာမယ့် Siri2.0 ကတော့ AI အားလုံးထက်သာလွန်နေမယ်လို့လည်း Apple fans တွေက ယုံကြည်ထားကြပါတယ်။

Exit mobile version