Apple ရဲ့ အရေးပါဆုံးဖြစ်တဲ့ Macbook Pro Upgrade version ထွက်ရှိလာဖို့ အချိန်ပိုကြာမြင့်နိုင်

Artificial Intelligence က ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းလောကကို နေရာတစ်ဖြည်းဖြည်းနဲ့ ယူလာကြပါပြီ။ Apple ကတော့ နည်းပညာလောကမှာ နာမည်တစ်ခုရှိပေမယ့် နည်းပညာအသစ်တွေကို အရင်ချပြတဲ့ company မျိုးမဟုတ်ပါဘူး။ ယခုချိန်မှာ အခြားနည်းပညာ company ကြီးတွေက အပြိုင်အဆိုင် AI နည်းပညာတွေကို ချပြနေပေမယ့် Apple ဘက်က ကြီးကြီးမားမား ချပြတာမျိုးတော့မရှိသေးပါဘူး။ လာမည့် စက်တင်ဘာလမှာတော့ Apple ရဲ့ iPhone မှာ ကြီးကြီးမားမားပြောင်းလဲလာမယ့် AI တွေကို မြင်တွေ့ရနိုင်မယ်လို့ လူအများက သုံးသပ်ထားကြပါတယ်။

Apple ရဲ့ အရေးပါဆုံးဖြစ်တဲ့ Macbook Pro Upgrade version ထွက်ရှိလာဖို့ အချိန်ပိုကြာမြင့်နိုင် 1

ယခု ကွန်ပျူတာလောကမှာဆိုရင် Apple ရဲ့ chipset ဖြစ်တဲ့ M1, M2 နှင့် M3 တွေပါဝင်တဲ့ macbook performance တွေကို သာမန်ကွန်ပျူတာတွေက ယှဉ်လို့မရပါဘူး။ Gaming အပိုင်းမှာတော့ Macbook ရဲ့ စွမ်းဆောင်ရည်က အခြား window computer တွေကို မယှဉ်နိုင်ပေမယ့် သာမန် အလုပ်ပိုင်းဆိုင်ရာ အသုံးပြုတဲ့ အခန်းတွေမှာ Macbook စွမ်းဆောင်ရည်က သာလွန်ကောင်းမွန်ပါတယ်။ Apple ရဲ့ MacOS နှင့် ကိုယ်ပိုင် silicon chipset တွေဖြစ်တဲ့ M series chipset တွေရဲ့ တွဲဖက်ညီတဲ့ လုပ်ဆောင်ချက်တွေကြောင့် Macbook ရဲ့ performance က သာလွန်ကောင်းမွန်နေပါတယ်။ ယနေ့ချိန်မှာတော့ တိုးတက်ပြောင်းလဲလာတဲ့ AI နည်းပညာကို အသားကျအောင် ကိုင်တွယ်ပေးနိုင်မယ့် chipset နှင့် MacOS အသစ်တွေက လိုအပ်လာပြီဖြစ်ပါတယ်။ နောက်ထွက်လာမယ့် Macbook series က M4 series နှင့်ထွက်လာမှာ ဖြစ်ပါတယ်။ သို့ပေမယ့် အချိန်ယူပြင်ဆင်ရမယ့်အရာတွေအတွက် ထွက်ရှိလာမယ့်​ Macbook အသစ်က ကြာမြင့်နိုင်မှာလည်း ဖြစ်ပါတယ်။

လာမည့် WWDC (Worldwide Developer Conference) မှာတော့ Apple က AI နှင့် ပတ်သက်ပြီး တစ်ခုခုတုံ့ပြန်မှာ ဖြစ်ပါတယ်။ AI features တွေကြောင့် ကောင်းမွန်လာမယ့် OS တွေကို အဓိကပြောကြားသွားမယ်လို့လည်း သိရပါတယ်။ ထွက်ရှိပြီးသား Macbook တွေနှင့် iPhones တွေက အသစ်လာမည့် computers တွေနှင့် phones တွေနှင့် အများကြီးကွခြားသွားမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ သို့ပေမယ့် iPhones နှင့် Macbook တွေက ဝယ်ယူထားရင် အခြား electronic device တွေထက် သက်တမ်းကြာမြင့်ပြီး software update လည်း လုပ်နေနိုင်တာကြောင့် လူကြိုက်များနေရခြင်းဖြစ်ပါတယ်။ AI ခေတ်မှာတော့ မည်သည့်ပုံစံပြောင်းလဲသွားနိုင်တယ်ဆိုတာတော့ ဘယ်သူမှမသိနိုင်သေးပါဘူး။

Exit mobile version