Apple ရဲ့ ထွက်ရှိလာနိုင်တဲ့​ product အသစ်တွေဖြစ်တဲ့ Smart ring and Glasses

ထွက်ရှိလာနိုင်ပေမယ့် တစ်ကယ်ထွက်လာ၊ မထွက်လာဆိုတာတော့ အတည်မပြုနိုင်သေးတဲ့ Apple ရဲ့ product တွေကတော့ Smart ring and Glasses ပဲဖြစ်ပါတယ်။​ ထို့အပြင် Airpods ထဲမှာလည်း camera ထည့်သွင်းလာနိုင်တယ်လို့ သိရပါတယ်။ အကြောင်းရင်းကတော့ AI features တွေအသုံးပြုဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒီ product တွေကို ထုတ်လုပ်ဖို့အတွက် လွန်ခဲ့တဲ့ ဆယ်နှစ်လောက်တည်းက Patent မူပိုင်ခွင့်တွေကို တင်ထားပြီးသားဖြစ်ပါတယ်။ Ring design ထဲမှာတော့ touch screen, Computer processor, wireles transceiver နှင့် အားပြန်သွင်းနိုင်တဲ့ rechargeable power source တို့ ပါဝင်ပါတယ်။

Apple ရဲ့ ထွက်ရှိလာနိုင်တဲ့​ product အသစ်တွေဖြစ်တဲ့ Smart ring and Glasses 1

Patent ကိုအရင်ဆုံး တင်သွင်းထားတယ်ဆိုပေမယ့် Product ထွက်လာဖို့တော့ မသေချာသေးပါဘူး။ အလားတူ smart glass ရဲ့ ဒီဇိုင်းတွေကို မှတ်ပုံတင်ထားတာမျိုးရှိပေမယ့် လက်ရှိမှာတော့ Vision Pro ကိုပဲ တွေ့ရပါသေးတယ်။ Bloomberg သတင်းထောက်တွေပြောကြားချက်အရ ယခုလက်ရှိမှာ “Technology Investigation” အဆင့်ပဲရှိသေးတယ် ဆိုပါတယ်။ ဆိုလိုတာကတော့ product ကို ထုတ်ဖို့ ready အဆင့်မရောက်သေးပဲ စမ်းသပ်ကာလနှင့် လေ့လာနေဆဲလို့ ဆိုလိုတာဖြစ်ပါတယ်။ Apple က Airpods ကိုလည်း တီထွင်ဆန်းသစ်မှုအနေနှင့် wearables ဖြစ်အောင်ဖန်တီးနေတယ်လို့ သိရပါတယ်။ Airpods မှာ camera ထည့်သွင်းထားပေးခြင်းဖြင့် လူတွေရဲ့ နေ့စဉ်လှုပ်ရှားပုံကို auto မှတ်သားပြီး အကောင်းဆုံး experience ရအောင် AI က ဖန်တီးပေးမှာ ဖြစ်ပါတယ်။

Apple ရဲ့ ထွက်ရှိလာနိုင်တဲ့​ product အသစ်တွေဖြစ်တဲ့ Smart ring and Glasses 2

Apple ရဲ့ Smart Ring ထွက်ရှိလာရင်တော့ လက်ရှိစျေးကွက်ထဲမှာ နေရာယူထားတဲ့ Qura လို့ခေါ်တဲ့ smart ring ရဲ့ အကြီးဆုံး ပြိုင်ဖက် ဖြစ်လာနိုင်ပါတယ်။

Apple ရဲ့ ထွက်ရှိလာနိုင်တဲ့​ product အသစ်တွေဖြစ်တဲ့ Smart ring and Glasses 3

ထို့အပြင် Apple ရဲ့ ပထမဦးဆုံး ပြိုင်ဖက်လို့ခေါ်ကြတဲ့ Samsung ကလည်း ဒီနှစ်ကုန်ခါနီးမှာ smart ring ထွက်ရှိမယ်လို့ သိရပါတယ်။ Samsung ရဲ့ smart ring ကတော့ အဓိက ကျန်းမာရေးအတွက် တိုင်းတာနိုင်တဲ့ sensor တွေ ပါဝင်ပြီး လူတစ်ယောက်ရဲ့ ​record ကို မှတ်သားပေးနိုင်တာမျိုးတွေ ပါဝင်ပါတယ်။

Exit mobile version