Apple က လာမယ့်နှစ်မှာ M3 Chip အသုံးပြုထားတဲ့ Mac Mini ကို ထုတ်လုပ်တော့မှာလား

Apple က 2024 ခုနှစ်မှာ ၎င်းတို့ရဲ့ M3 ချစ်ပ်ပါဝါကို အသုံးပြုထားတဲ့ Mac Mini များထုတ်လုပ်လာနိုင်တယ်လို့ Apple ရဲ့ သတင်းတွေကို ခန့်မှန်းပြောဆိုသူ Mark Gurman က Power On သတင်းစာမှာ ဖော်ပြရေးသားခဲ့ပါတယ်။ Company က macOS Sonoma 14.1 အသုံးပြုထားပြီး 24GB RAM ပါတဲ့ 8-core CPU နဲ့ 10-core GPU Mac ကိုစမ်းသပ်နေကြောင်း Mark Gurman ကသတင်းလွှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ အဆိုပါ  Specification များက Base Model M2 Mac Mini ထုတ်လုပ်ပုံနဲ့ ဆင်တူနေတာဖြစ်ပါတယ်။ Mark Gurman ရဲ့သတင်းလွှာအရ Entry-Level Apple silicon Macs တွေမှာ ပုံမှန်အားဖြင့် 8GB RAM လောက်သာရှိပေမယ့် အခုစမ်းသပ်နေတယ်လို့သိရှိရတဲ့ 24GB RAM နဲ့ ထွက်ရှိလာမယ်ဆိုရင်တော့ အံ့သြစရာဖြစ်နေမှာ အမှန်ပါဘဲ။

Apple က လာမယ့်နှစ်မှာ M3 Chip အသုံးပြုထားတဲ့ Mac Mini ထုတ်လုပ်တော့မှာလား

Gurman ရဲ့ခန့်မှန်းပြောပြချက်အရ လာမယ့် အောက်တိုဘာလမှာ iPhone 15 ကို မိတ်ဆက်ပေးပြီးနောက် M3 နဲ့ iMac ကို ဒီနှစ်အကုန်မဟုတ်ရင် နောက်နှစ်ထဲမှာ ထုတ်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ 2023 အောက်တိုဘာလမှာ 3nm Apple Silicon Chips နဲ့ထည်ဆောက်ထားတဲ့ M3 iMac နဲ့ 13 လက်မ MacBook တို့သာထွက်ရှိလာမယ်ဆိုရင် လာမယ့်နှစ်ထဲမှာ M3 Chip အသုံးပြုထားတဲ့ Mac Mini လဲထုတ်လုပ်လာနိုင်တယ်ဆိုတာ သေချာသလောက်ရှိပါတယ်။ Gurman ရဲ့ ဖော်ပြချက်များ အရ Apple ရဲ့ M3 ထုတ်ကုန်တွေကို ဒီနှစ်ထဲမှာ မြင်ရနိုင်ခြေရှိနေပြီး ဒီနှစ်ထဲမှာ မမြင်ခဲ့ရရင်တောင် နောက်နှစ်ထဲမှာ သေချာပေါက် မြင်ရတော့မှာ ဖြစ်ပါတယ်။

Exit mobile version