AMD ရဲ့ Zen 5 CPU Performance ကိုမြှင့်တင်နိုင်မယ့် Windows 11 နောက်ဆုံးထွက် Update

Microsoft ရဲ့ နောက်ထပ် Windows 11 Big Update က AMD ရဲ့ Zen 5 CPU တွေကို ပိုမိုမြင့်မားတဲ့ စွမ်းဆောင်ရည်ပေးမယ်လို့ AMD က ပြောကြားခဲ့တယ်လို့ သိရပါတယ်။ ခုထွက်မယ့် Update က Windows 11 Version 24H2 ဖြစ်ပြီး AMD ရဲ့ Zen 4 နဲ့ Zen 3 CPU တွေအတွက်ပါ Performance ကို ပိုမိုကောင်းမွန်လာမှာ ဖြစ်တယ်လို့ သိရပါတယ်။

AMD ရဲ့ Zen 5 CPU Performance ကိုမြှင့်တင်နိုင်မယ့် Windows 11 နောက်ဆုံးထွက် Update

ADM ရဲ့ ခုနောက်ဆုံးထွက်ထားတဲ့ Ryzen 9000 စီးရီးက Performance ပိုင်းမှာ ပြောထားသလောက်မဟုတ်ပဲ တစ်ချို့နေရာတွေမှာ အားနည်းချက်တွေရှိနေသေးတာ ဖြစ်ပြီး ခုထွက်မယ့် Windows 11 Version 24H2 ကတော့ သူတို့ရဲ့ AMD-specific နဲ့ပိုမို ကိုက်ညီမှာဖြစ်ပြီး Performance ပိုင်းမှာ တိုးတက်လာမှာ ဖြစ်တယ်လို့ ADM ကဆိုထားပါတယ်။ AMD ရဲ့ Zen 5 CPU တိုးတက်မှုက ဘယ်လောက် အနေအထားရှိလဲဆိုတာတော့ Windows 11 ရဲ့ Version 24H2 Update ထွက်လာတဲ့ အချိန်မှသေချာသိရမှာ ဖြစ်ပါတယ်။

Exit mobile version