Amazon က  DPReview  website ကို တရားဝင်ပိတ်သိမ်းတော့မည်

DPReview

Amazon မှာ ဝန်ထမ်းပေါင်း ၉၀၀၀ ကျော်ကို အလုပ်ရပ်ဆိုင်းမည်လို့ ကြေငြာလိုက်ပြီးနောက် Photographer တွေအတွက် အရေးပါတဲ့ DPReview Website ကိုလဲ ရပ်ဆိုင်းတော့ မယ်လို့သိရှိရပါတယ်။ DPReview team ကတော့ ဧပြီလ ၁၀ရက်နေ့ ထိ website ကို ဆက်လက် run သွားမှာဖြစ်ပြီး ၁၀ရက်နေ့ပြီးရင်တော့ website ကို ပိတ်သိမ်းလိုက်တော့မှာ ဖြစ်ပါတယ်။

DPReview ကို ၁၉၉၈ ခုနှစ်က စတင်ခဲ့ပြီး ခုချိန်ထိ ၂၅နှစ် ကြာအောင် မီဒီယာသမားများ/ photography များအတွက် အရမ်းကိုအသုံးဝင်ပြီး အရေးပါခဲ့တဲ့ website တစ်ခုဖြစ်ပါတယ်။ DPReview YouTube Channel ဟာလဲ ဆက်လက်တည်ရှိတော့ မှာ မဟုတ်တော့ပါဘူး။ DPReview YouTube channel က အစီစဉ်တင်ဆက်သူ Jordan Drake နဲ့ တွဲဖက်တင်ဆက်သူ Chris Niccolls တို့ ကတော့ DPReview YouTube channel ပိတ်သိမ်းပြီးနောက်ပိုင်း channel အသစ်တွင် Review Video တွေ ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

DPReview YouTube channel

2023 ခုနှစ်မှာတော့ Amazon အပါအဝင် နည်းပညာ company ကြီးများတွေမှာ ဝန်ထမ်းလျော့ချမှု ဆက်တိုက်ဖြစ်ပေါ်နေတာကို တွေ့ရှိရပါတယ်။ စိတ်မကောင်းစွာနဲ့ ဘဲ DPReview လိုမျိုး website တစ်ခု နောက်ထပ် camera reviews တွေကို ကြည့်ရှုလို့ရတော့မှာ မဟုတ်ပါဘူး။

Exit mobile version