Amazon မှ AI chatbot ဖြစ်တဲ့ “Q” ကို မိတ်ဆက်

လုပ်ငန်းခွင်က လူတွေအတွက် အသုံးတည့်မယ့် AI chatbot ဖြစ်တဲ့ Q ကို Amazon က မိတ်ဆက်လိုက်ပါတယ်။ Q ကို Amazon Web Services’ Reinvent ပွဲမှာ မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ စျေးကွက်ထဲမှာ သူနဲ့ငါအပြိုင် AI တွေယှဉ်ပြိုင်မှုထဲမှာ Amazon ကလည်း သူ့မှာ Q ရှိကြောင်း ထုတ်ပြခဲ့တာဖြစ်ပါတယ်။ စိတ်ဝင်စားစရာကောင်းတာက Q ဆိုတဲ့ နာမည်ကို James Bond ရုပ်ရှင်ထဲက Q လို့အမည်ရတဲ့ ဇာတ်ကောင်ကို အစွဲပြုပြီး ပေးခဲ့တာဖြစ်ပါတယ်။

Amazon မှ AI chatbot ဖြစ်တဲ့ "Q" ကို မိတ်ဆက် 1

လက်ရှိမှာ Q နှင့် ပတ်သက်တဲ့ features တော်တော်များများကို အသုံးပြုလို့ရပြီး နောက်ပိုင်းမှာတော့ တစ်လကို ဒေါ်လာ ၂၀ subscription fees ကျမှာဖြစ်ပါတယ်။ Developers တွေအတွက် အသုံးပြုဖို့ version ကတော့ ၂၅ ဒေါ်လာကျမှာဖြစ်ပါတယ်။ Microsoft ရဲ့ copilot နှင့် google workspace ရဲ့ AI ကတော့ တစ်ယောက်စာအတွက် တစ်လကို ဒေါ်လာသုံးဆယ်နှင့် ဝယ်ယူနိုင်ပါတယ်။ Q ရဲ့ ပထမဆုံး ရည်ရွယ်ချက်ကတော့ Amazon Web Server အသုံးပြုတဲ့လူတွေ ကြုံတွေ့ရတဲ့ trouble-shoot issue တွေကို ကိုင်တွယ်ဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် အခြား​ features တွေမှာ ကြုံတွေ့ရတဲ့ ပြသနာတွေကို မေးမြန်းလို့ရအောင် ဖန်တီးထားပါတယ်။

Amazon မှ AI chatbot ဖြစ်တဲ့ "Q" ကို မိတ်ဆက် 2

Developers တွေအနေနှင့် code တွေကို ပြောင်းလဲချင်တာဖြစ်ဖြစ်၊ error တွေကို ရှင်းချင်တာဖြစ်ဖြစ် Q ကို မေးမြန်းပြီး ကိုင်တွယ်နိုင်ပါတယ်။ Amazon နှင့် ပတ်သတ်တဲ့ service တွေကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ Amazon မှ တာဝန်ရှိသူတွေက အသုံးပြုသူတွေ သိပ်မကြာခင်မှာ Q နှင့် ရင်းနှီးကျွမ်းဝင်ပြီး တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒီနှစ်အတွင်းမှာတင် Amazon က လုပ်ငန်းခွင်တွေအတွက် အသုံးဝင်မယ့် tools တော်တော်များများ မိတ်ဆက်ခဲ့ပါတယ်။ ဥပမာ supply chains management, encrypted messages and email နှင့် markeing tools တွေကို မိတ်ဆက်ခဲ့ပါတယ်။ သို့ပေမယ့် ယခုမိတ်ဆက်လိုက်တဲ့ Q ကတော့ အရာအားလုံးကို ပြောင်းလဲပေးနိင်သွားနိုင်ပါတယ်။ Amazon မှ ဝန်ထမ်းတစ်ယောက်က ကိုယ်သိချင်တဲ့အရာအားလုံးကို ဖြေကြားပေးနိုင်သလို ဝန်ဆောင်မှုမျိုး ရနိုင်သွားပါတယ်။ ရေရှည်မှာတော့ လုပ်ငန်းခွင်ထဲကလူတွေ Q ကို အသုံးပြုကြမလားဆိုတာတော့ စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Exit mobile version