Amazon က ပထမဦးဆုံး လွှတ်တင်လိုက်တဲ့ အင်တာနက် Satellite Prototypes

လက်ရှိ Satellite Internet ကို နေရာယူထားတဲ့တစ်ခုတည်းသော Company က Elon Musk ရဲ့ Starlink ပဲဖြစ်ပါတယ်။ Starlink ရဲ့ ပြိုင်ဖက်ဖြစ်တဲ့ Amazon ကလည်း မကြာမီလူတွေ Satellite Internet ကို အသုံးပြုနိုင်ဖို့ စီမံကိန်းတွေအကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ ဒီ Project နာမည်ကိုတော့ Project Kuiper လို့အမည်ပေးထားပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေနှင့် Satellite Internet ကို အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ Project Kuiper အတွက် အမေရိကန်ဒေါ်လာ ၁၀ဘီလီယံ အထက်အသုံးပြုဖို့ ရည်ရွယ်ထားပါတယ်။ မကြာသေးမီကမှ ဖလော်ရီဒါပြည်နယ်ကတစ်ဆင့် Satellite နှစ်ခုပါဝင်တဲ့ rocket ကို လွှတ်တင်လိုက်ပါတယ်။

Amazon က ပထမဦးဆုံး လွှတ်တင်လိုက်တဲ့ အင်တာနက် Satellite Prototypes 1

Amazon ရဲ့ satellite နှင့်ပတ်သတ်တဲ့ ဒီဇိုင်းနှင့် အရွယ်အစားတွေကိုတော့ အသေးစိတ်မသိရပါဘူး။ သတင်းအချက်အလက်တွေကိုတော့ Public ကို ရှင်းလင်းပြတာမျိုးတွေ မရှိသေးပါဘူး။ ပြီးခဲ့တဲ့နှစ်ကမှ ULA (United Launch Alliance) နှင့် ချုပ်ဆိုထားတဲ့စာချုပ်မှာ လာမည့်ငါးနှစ်အတွက် အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံအသုံးပြုဖို့ သဘောတူညီမှုတွေပါဝင်တာတွေ့ရပါတယ်။ ULA ဆိုတာက ဒုံးပျံတွေလွှတ်တင်ဖို့အတွက် ဒုံးပျံတွေထုတ်လုပ်ပေးတဲ့ Company ဖြစ်ပါတယ်။ Amazon အနေနှင့် ဒုံးပျံပေါင်း ၇၇ ခု လွှတ်တင်ဖို့ ULA နှင့် သဘောတူညီမှု လုပ်ထားပြီးပြီလို့လည်း သိရပါတယ်။ Amazon ရဲ့ CEO ဖြစ်တဲ့ Jeff Bezos နှင့် Elon Musk တို့ရဲ့ ပြိုင်ဆိုင်မှုကလည်း ကြီးမားပါတယ်။ အခုလို Satellite Internet အသုံးပြုနိုင်ဖို့ rocket တွေအများကြီးထုတ်လုပ်နေရခြင်း အကြောင်းရင်းကတော့ Starlink ရဲ့ Satellite Internet ကို ယှဉ်ပြိုင်နိုင်ဖို့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ တစ်နှစ်ထက်တစ်နှစ် Starlink Internet ကို အသုံးပြုတဲ့လူဦးရေများလာပြီး Amazon ကတော့ ၂၀၂၄ ခုနှစ်အကုန်ပိုင်းမှာ လူတိုင်း Kuiper ကို အသုံးပြုနိုင်မယ်လို့ ကြေငြာခဲ့ပါတယ်။

Amazon ရဲ့ satellit internet device : Kuiper ကိုတွေ့ရစဉ်

Kuiper ကို စမ်းသပ်အသုံးပြုစဉ်ကာလမှာ Download Speed ကို 400Mbps အထိ အသုံးပြုနိုင်ခဲ့ပြီး မကြာမီမှာတော့ Kuiper ရဲ့ Service နှင့် အသေးစိတ် Information တွေကိုတော့ ကြေငြာသွားမယ်လို့ သိရပါတယ်။

Exit mobile version