Meta Ray-Ban အသုံးပြုသူအားလုံး Live Translation Feature ကို အသုံးပြုနိုင်ပြီ

အစပိုင်းတုန်းက နိုင်ငံတချို့မှာသာ အသုံးပြုခွင့် ပေးထားတဲ့ Meta Ray-Ban Smart Glasses ရဲ့ Live Translation Feature ကို အသုံးပြုသူ အားလုံးမှာ အသုံးပြုခွင့် ပေးလိုက်ပြီ ဖြစ်ပါတယ်။

Meta Ray-Ban ရဲ့ Live Translation Feature ဆိုတာ သင့်အနေနဲ့ အင်္ဂလိပ် ဘာသာစကား တစ်မျိုးတည်းကိုသာ နားလည်ပေမယ့် တစ်ဖက်လူက ပြင်သစ်၊ စပိန်၊ တရုတ် အစရှိတဲ့ အခြား ဘာသာစကားနဲ့ စကားလာပြောတဲ့ အချိန်မျိုးမှာ Meta Ray-Ban ရှိ Live Translation ကို ဖွင့်လိုက်ယုံနဲ့ တစ်ဖက်လူ ပြောနေတဲ့ စကားတွေကို အင်္ဂလိပ် ဘာသာစကား အဖြစ် ဘာသာပြန်ပေးမှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်ဖုန်းထဲမှာ Meta App ကို ထည့်သွင်းထားမယ် ဆိုရင် ဘာသာပြန်တဲ့ စကားလုံးတွေကို ဖုန်းမှတစ်ဆင့် ကြည့်ရှုနိုင်အုံးမှာ ဖြစ်ပါတယ်။ ဘာသာပြန်ခြင်း ပြီးဆုံးသွားရင်တော့ Live Translation ကို ပြန်ပိတ်ပေးရမှာ ဖြစ်ပါတယ်။

Live Translation Feature ရှိ အသုံးများတဲ့ ဘာသာစကားတွေကို Download လုပ်ထားမယ်ဆိုရင် Wifi (သို့မဟုတ်) Internet လိုင်း မရှိတဲ့ အခြေအနေမျိုးတွေမှာလည်း ဘာသာပြန်ပေးနိုင်မှာ ဖြစ်‌ကြောင်း သိရပါတယ်။ ယခု Update နဲ့အတူ Live Translation Feature မှာ ပြင်သစ်၊ အီတလီနဲ့ စပိန် ဘာသာရပ်များကို အသစ်ထည့်သွင်း ပေးထားကြောင်းလည်း သိရပါတယ်။

ADVERTISEMENT
Exit mobile version