ChatGPT အသုံးပြုသူများအားလုံး Up-To-Date အချက်အလက်များကို ရရှိနိုင်တော့မည်

ChatGPT ကို လစဥ်ကြေးပြီး အသုံးမပြုတဲ့လူများဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာလတုန်းက နောက်ဆုံးရယူထားတဲ့ အချက်အလက်များကိုသာ ရရှိနိုင်မှာ ဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။

OpenAI ရဲ့ ထုတ်ပြန်ချက်အရ ဒီနေ့ကစပြီး ChatGPT ကို Subscribe မလုပ်ထားသူများဟာ Subscribe လုပ်ထားသူများနဲ့အညီ Up-To-Date သတင်းအချက်အလက်များကို ရယူနိုင်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် မကြာသေးမီကလည်း ChatGPT ကို အပြန်အလှန် စကားပြောနိုင်တော့မှာ ဖြစ်ကြောင်း OpenAI က ကြေငြာထားပါသေးတယ်။

OpenAI အနေနဲ့ ChatGPT ကို အခုလိုမျိုး Up-To-Date အချက်အလက်များ အသုံးပြုခွင့်ပေးလိုက်ခြင်းဟာ ကုမ္ပဏီအတွက် စိန်ခေါ်မှုတစ်ခုပဲ ဖြစ်ပါတယ်။ Up-To-Date အချက်အလက်များကို မပေးရခြင်းနဲ့ ပတ်သက်ကာ ChatGPT ကို မေးမြန်းထားရာမှာတော့ Chatbot ကို Up-To-Date အချက်အလက်များ အသုံးပြုခွင့်ပေးခြင်းဟာ တစ်ခါတစ်ရံ မှားယွင်းတဲ့ အချက်အလက်များကို ထုတ်ပေးနိုင်ကြောင်းနဲ့ Copyright နဲ့ ပတ်သက်တဲ့ ပြဿနာများ ဖြစ်လာနိုင်တာကြောင့် ဖြစ်ကြောင်း သိရပါတယ်။

University College London မှ စီးပွားရေး စိတ်ပညာ ပါမောက္ခ Tomas Chamorro-Premuzic ကလည်း အခုလို Up-To-Date အချက်အလက်များ ပေးလိုက်ခြင်းကြောင့် Chatbot ဟာ Internet ပေါ်ရှိ အချက်အလက်များအားလုံးကို အချိန်နဲ့ တပြေးညီရယူနေတာကြောင့် မေးခွန်းများစွာ မေးမြန်ခြင်းခံလာရတဲ့အခါ မှားယွင်းတဲ့ အဖြေများကို ထုတ်ပေးနိုင်ကြောင်း ရှင်းပြထားပါတယ်။ ဒါ့အပြင် Mr Chamorro-Premuzic က အခုလို လုပ်ခြင်းဟာ Chatbot ကို အသွား (၂)ဆင့်ပါတဲ့ ဓားတစ်လက်အနေနဲ့ အဆင့်မြှင့်လိုက်တာ ဖြစ်ပြီး အသုံးပြုရာမှာ အရမ်းကောင်းမွန်တဲ့ အဖြေများကို ပေးနိုင်မှာ ဖြစ်သော်လည်း တိကျတဲ့ မေးခွန်းအရင်းအမြစ် မရှိပဲ မေးမြန်းမယ်ဆိုပါက မှားယွင်းတဲ့ အဖြေကိုသာ ရရှိမှာဖြစ်ကြောင်း ထပ်မံပြောပြထားပါတယ်။

ChatGPT ဟာ အခုလက်ရှိမှာ မှားယွင်းတဲ့ အချက်အလက်များ ထုတ်ပေးမှုနဲ့ ပတ်သက်ကာ US စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ရဲ့ စိစစ်မှုအောက်မှာ ကျရောက်နေတာ ဖြစ်ပါတယ်။ ChatGPT ကတော့ သူတို့အနေနဲ့ Chatbot ကို ကန့်သတ်ချက်နဲ့ အသုံးပြုခွင့်ပေးထားကြောင့် မှားယွင်းတဲ့ အချက်အလက်များ ထုတ်ပေးတယ်ဆိုတာ မဟုတ်နိုင်ကြောင်းနဲ့ ဒါဟာ မသမာသူများရဲ့ လုပ်ကြံပြောဆိုမှုသာဖြစ်ကြောင်း ပြန်လည်ချေပထားတာ တွေ့ရပါတယ်။

ဖက်ဒရယ်ကုန်သွယ်ရေးကော်မရှင်(FTC) ကလည်း Microsoft အား အသုံးပြုသူများရဲ့ ဂုဏ်သတင်းနဲ့ ပတ်သက်တဲ့ အန္တာရယ်များကို ဘယ်လိုကိုင်သွယ် ဖြေရှင်းနေလဲဆိုတာနဲ့ ပတ်သက်တဲ့ အချက်အလက်များကို တောင်းဆိုထားတဲ့ စာတစ်စောင်ပေးပို့ထားပြီး OpenAI ကတော့ FTC နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ပြန်လည်ပြောဆိုထားတာ တွေ့ရပါတယ်။ OpenAI ဟာ အခုလိုအကြပ်အတည်းများကြားမှာ ChatGPT ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်နေတာဖြစ်ပြီး အခုမှာလည်း Up-To-Date အချက်အလက်တွေကို အသုံးပြုခွင့် ပေးလိုက်ပြီဖြစ်တာကြောင့် နောက်ထပ်ဘယ်လို ပြဿနာတွေနဲ့ ရင်ဆိုင်ရအုံးမလဲဆိုတာ ဆက်လက်စောင့်ကြည့်ရတော့မှာပဲ ဖြစ်ပါတယ်။

Exit mobile version