“AI washing” ဆိုတာ ဘာလဲ

AI washing ဆိုတာ companies တွေက စတင်ဖန်တီးလာတဲ့ စကားလုံးတစ်ခုဖြစ်ပါတယ်။ AI ခေတ်ကြီးထဲမှာ အရာအားလုံးက AI ကို လိုအပ်လားဆိုတဲ့ မေးခွန်းကို အရင်မေးကြည့်ရင်တော့ အဖြေက 100% လိုအပ်တယ်ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ ဒါ့အပြင် နည်းပညာနယ်ပယ်ထဲက Professional ၁၀ယောက်ကို What is AI လို့မေးရင်တောင် ပြောကြတဲ့ အဖြေတွေတူမှာ မဟုတ်ပါဘူး။ သို့ပေမယ့် နည်းပညာနှင့်မရင်းနှီးတဲ့လူတွေကြားမှာတော့ AI လို့ပြောလိုက်ရင် Generative AI တွေကိုပဲ အရင်ပြေးမြင်ကြပါတယ်။ ဥပမာ ChatGPT, Gemini တို့လိို Apps တွေကိုပဲ အရင်ပြေးမြင်ကြပါတယ်။ AI နှင့် ပတ်သက်ရင် Tech companies ကြီးတွေက ချဲ့ကားပြီး ပြောတက်ကြပါတယ်။ ဒီလိုပြောရတဲ့ အကြောင်းရင်းကလည်း အပြိုင်အဆိုင်တွေအရမ်းများတာကြောင့်ဖြစ်ပြီး လူတွေကြားထဲမှာ နာမည်ရအောင် လိမ်ညာပြီးပြောတက်ကြတာမျိုးတွေလည်း ရှိပါတယ်။ Cryptocurrency လောကမှာ ဒီလိုပြသနာမျိုးတွေက နေ့စဉ်နှင့်အမျှ ဖြစ်နေပြီး ယခု AI လောကမှာလည်း ဒီလိုပြသနာတွေ ရင်ဆိုင်လာနေရပါပြီ။

"AI washing" ဆိုတာ ဘာလဲ 1

Amazon ရဲ့ AI-powered တစ်ခုဖြစ်တဲ့ စတိုးဆိုင်တွေမှာ လူမဲ့စနစ် “Just Walk Out” ကို Amazon stores တွေမှာ အသုံးပြုလာကြတာ တော်တော်လေးကြာမြင့်လာပြီဖြစ်ပါတယ်။ အဓိက cameras, sensors တွေနှင့် AI power အသုံးပြုပြီး ငွေပေးချေစနစ်ကို ဖန်တီးထားတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။ Companies အနေနှင့် နောင်လာမယ့်နှစ်တွေမှာတော့ ဝန်ထမ်းတွေ သိပ်မလိုတော့မှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သို့ပေမယ့် India မှာတော့ ဝန်ထမ်းတွေက တစ်ရက်တစ်ရက် cashier မှာ ယခင်အတိုင်းငွေပေးချေမှုတွေ လုပ်ပေးနေရကြောင်း ပြောကြားခဲ့ပြီး Amazon အနေနှင့် review လုပ်ပေးရုံသာ ခန့်ထားကြောင်း ပြောကြားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ကိုကြည့်ခြင်းအားဖြင့် “AI Washing” တွေ ဖြစ်နေပြီလို့ ကျွမ်းကျင်သူတွေက သုံးသပ်ကြပါတယ်။ လေ့လာတွေ့ရှိချက်အရ Tech Companies ပေါင်း ၄၀% က အခုထိ AI တွေကို အသုံးမပြုကြသေးကြောင်း တွေ့ရှိရပါတယ်။ များသောအားဖြင့် chatbots တွေကိုသာ အများစုအသုံးပြုနေကြောင်းကိုလည်း တွေ့ရှိရပါတယ်။

AI powered Toothbrush ကို တွေ့ရစဉ်

AI washing ကို companies တွေလုပ်လာခြင်းကြောင့် တစ်ဖက်မှာ အသုံးပြုသူတွေက နည်းပညာတွေအရမ်းတိုးတက်လာပြီး ခေတ်နှင့်အညီလိုက်နိုင်အောင် ပစ္စည်းတွေကို ဝယ်ယူသုံးစွဲလာကြမှာ ဖြစ်ပါတယ်။ ဒီအချက်ကြောင့် companies အနေနှင့် အမြတ်တွေအများကြီးကို သိမ်းပိုက်နိုင်ပါတယ်။ တစ်လောက နေ့စဉ်အသုံးပြုတဲ့ သွားတိုက်တံမှာ AI စနစ်ထည့်သွသွင်းပြီး ရောင်းလာတာကြောင့် လူအများကြားမှာ မေးခွန်းတွေထုတ်စရာ ဖြစ်လာပါတယ်။ တစ်ကယ် လက်တွေ့မှာ AI မပါရင် မရတော့လောက်အောင် Tech companies တွေက AI washing ကို လုပ်လာကြပါတယ်။ Investors တွေအနေနှင့်လည်း လက်တွေ့မှာ တစ်ကယ်တမ်း innovative ဖြစ်မဖြစ်ကို လေ့လာဖို့လိုအပ်ပါတယ်။ AI washing များလာရင်တော့ စားသုံးသူတွေက မလိုအပ်ပဲ ပိုက်ဆံတွေအများကြီးအသုံးပြုပြီး ပစ္စည်းတွေကို ဝယ်လာရတော့မှာ ဖြစ်ပါတယ်။

Exit mobile version