AI-Powered Cybercrime ဖြစ်ပွားမှုနှုန်း အာရှတိုက်နိုင်ငံများတွင် မြင့်တက်

United Nations Office on Drugs and Crime (UNODC) အဖွဲ့အစည်းမှ Cybercrime ဖြစ်ပွားမှုနှုန်းကို စစ်တမ်းကောက်ကြည့်တဲ့အခါ အရှေ့တောင်အာရှနိုင်ငံတာ်တော်များများမှာ ဖြစ်ပွားတာကို တွေ့ရှိရပါတယ်။ အထူးသဖြင့် Generative AI (GenAI) ကို အသုံးချပြီး phishing messages တွေကို social media platforms များစွာမှတစ်ဆင့် လိမ်လည်လှည့်ဖျားမှုတွေ လုပ်လာတာကို တွေ့ရပါတယ်။ ၂၀၂၃ ခုနှစ်မှာ Cybercrime ရဲ့ ရာခိုင်နှုန်း ၁၅၀၀ လောက်မြင့်တက်လာတာကို တွေ့ရှိရပါတယ်။

Deepfake နည်းပညာနှင့် လိမ်လည်လှည့်ဖျားမှု

အာရှနိုင်ငံတွေမှာဖြစ်နေတဲ့ Cybercime ရဲ့ ရာခိုင်နှုန်းကို ခွဲခြမ်းကြည့်တဲ့အခါမှာတော့ ၅၀% က AI ကို password တွေကို ဖြည်တဲ့အခါမှာ အသုံးချပြီးကျန်တဲ့ % တစ်၀က်ကတော့ social engineering နည်းလမ်းဖြင့် လိမ်လည်လည့်ဖျားမှု တွေလုပ်တာကို တွေ့ရပါတယ်။

ဇန်န၀ါရီလက ဟောင်ကောင်မှ ၀န်ထမ်းတစ်ဦးက ယခုလိုလိမ်လည် လှည့်ဖျားခံလိုက်ရပါတယ်။ ဟောင်ကောင်မှာ အခြေစိုက်ထားတဲ့ British Engineering Firm မှ ၀န်ထမ်းက တစ်နေ့မှာ CFO ဆီမှ email တစ်စောင် ရရှိပါတယ်။ အဆိုပါ email ထဲမှာ video conference တစ်ခုထဲကို join ခိုင်းပြီး Transaction လုပ်ခိုင်းပါတယ်။ အဆိုပါ ၀န်ထမ်းကလည်း video conference ကို join ပြီး Transaction လုပ်လိုက်ပါတယ်။ Video conference ထဲမှာပါတဲ့ လူတွေက company က အကြီးပိုင်းရာထူးတွေရဲ့ မျက်နှာကို deepfake နည်းပညာနှင့် အသံပါတူနေအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ အဆိုပါ အဖြစ်အပျက်ကြောင့် ဟောင်ကောင်ဒေါ်လာ သန်း ၂၀၀ ဆုံးရှုံးမှု ဖြစ်ခဲ့ပါတယ်။

AI-Powered Cybercrime ဖြစ်ပွားမှုနှုန်း အာရှတိုက်နိုင်ငံများတွင် မြင့်တက် 1

ဒီဇင်ဘာလ ၂၀၂၃ ခုနှစ်ကလည်း စင်ကာပူ၀န်ကြီးချုပ်ဟောင်းရဲ့ မျက်နှာကို အသုံးပြုပြီး video တွေ social media မှာ ပြန့်ပွားမှုတွေဖြစ်ခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်က စစ်တမ်းများအရ ဗီယက်နမ်က ၂၅.၃% ၊ ဂျပန်မှ ၂၃.၄% နှင့် ဖိလစ်ပိုင်နိုင်ငံမှ အများဆုံးဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်နှင့် ယှဥ်ကြည့်ရင်တော့ ရာခိုင်နှုန်းအားဖြင့် ၄၅၀၀ % ထိ မြင့်တက်လာတာကို တွေ့ရပါတယ်။ ယခုလို လိမ်လည်လှည့်ဖျားမှုတွေကို ပြန်သုံးသပ်ပြီး ခြေရာခံကြည့်တဲ့အခါမှာတော့ Telegram မှ developers တွေနှင့် Deep Web က လူတွေအများစု ဖြစ်နေတာကို တွေ့ရပါတယ်။

အရှေ့တောင်အာရှနိုင်ငံမှ လူအများစုက အလုပ်လက်မဲ့ဦးရေများပြီး English လို မရတဲ့ လူဦးရေလည်း များပါတယ်။ အများစုက အလုပ်ရှာတဲ့အခါ CVs, resume တွေနှင့် email တွေအများကြီး ပိုတဲ့အခါ contact information တွေကို မသမာသူတွေက စုဆောင်းထားပြီး လိမ်လည်မှုတွေ လုပ်ကြပါတယ်။ Deepfake နည်းပညာက မထင်ထားလောက်အောင် ကြောက်စရာကောင်းပြီး လူအတု တစ်ယောက်ကို ဖန်တီးဖို့ ဓါတ်ပုံ၊ ဗီဒီယို နှင့် ဖမ်းယူထားတဲ့အသံသာ လိုအပ်ပါတယ်။ မိမိတို့အနေနှင့် အပေါင်းအသင်းမိတ်ဆွေက Video call ခေါ်ယူသည့်တိုင်အောင် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

Exit mobile version