AI နည်းပညာတွေ ဒီနှစ်တွေမှာ အရမ်းတိုးတက်လာတာနဲ့အမျှ ကမ္ဘာ့မီဒီယာတွေမှာ AI တွေကြောင့် လူတွေ အလုပ်ပြုတ်တော့မယ်ဆိုပြီး လူဖတ်များမယ့် သတင်းတွေကို ဖန်တီးနေတာ နေ့စဉ်တွေ့နေရပါပြီ။ ဒါပေမယ့် ဂျီနီဗာတက္ကသိုလ်ရဲ့ ပရော်ဖက်ဆာ Richard Baldwin ကတော့ ဒီလိုပြောပါတယ်။
AI ကြောင့် မင်းအလုပ်မပြုတ်နိုင်ပါဘူး၊ ဒါပေမယ့် AI ဘယ်လိုသုံးရမလဲ ကောင်းကောင်းနားလည်တဲ့သူက မင်းရဲ့ နေရာကို အစားထိုးသွားမှာပါ
Richard Baldwin
AI တွေက လူတွေရဲ့ အလုပ်ကို ပိုမိုကောင်းမွန်လာအောင် အကူအညီပေးနိုင်ပါတယ်။ အချိန်ကုန်ပိုသက်သာပြီး အလုပ်လည်း ပိုဖြစ်လာအောင် ကူညီပေးနိုင်တယ်လို့ ပရော်ဖက်ဆာ Richard Baldwin က ပြောပါတယ်။
AI က လူတွေအားလုံးကို လုပ်ဆောင်နိုင်စွမ်းမြင့်လာနိုင်အောင် ကူညီပေးနိုင်ပါတယ်၊ အထူးသဖြင့် အလယ်လတ် လူတန်းစားများအတွက် ပိုပြီး အလုပ်ဖြစ်နိုင်ပါတယ်လို့ Richard Baldwin က မှတ်ချက်ပြုပါတယ်။
” အရာအားလုံးက ပြောင်းလဲနေတာဘဲ၊ လူတိုင်းက ဒါကိုဘယ်လိုကိုင်တွယ်ရမလဲဆိုတာ သဘောပေါက်လေ့လာထားဖို့တော့ လိုတာပေါ့ ” လို့ ပရောက်ဖက်ဆာ Richard Baldwin က ဆိုပါတယ်။
စာဖတ်ပရိတ်သတ်တို့ရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ဝင်ရောက်ဆွေးနွေးပေးသွားကြပါအုံး။