AI နဲ့ ပြုလုပ်ထားသော နိုင်ငံရေးဆိုင်ရာ ကြော်ငြာများကို Google မှ ကန့်သတ်မှုများ ပြုလုပ်တော့မည်

နိုင်ငံရေးနဲ့ သက်ဆိုင်သော ကြော်ငြာများကို AI နဲ့ ဖန်တီးထားပါက ရှင်းလင်းတဲ့ ဖော်ပြချက်များ ထည့်သွင်းရန် လိုအပ်တော့မှာဖြစ်ကြောင်း Google က ထုတ်ပြန်ခဲ့ပါတယ်။

လာမည့် နိုဝင်ဘာလမှ စတင်ကာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး အမှန်တကယ် အပြင်မှာ မရှိသေးတဲ့ အကြောင်းအရာများကို AI အသုံးပြုကာ ဖန်တီးထားပါက AI နဲ့ ဖန်တီးထားကြောင်း သိသာထင်ရှားတဲ့ ဖော်ပြချက် ထည့်သွင်းပေးရတော့မှာ ဖြစ်ကြောင်း Google က ပြောပါတယ်။ AI နဲ့ ဖန်တီးထားတဲ့ Content လို့ ပြောထားပေမယ့် အမှန်တကယ်ရိုက်ကူးထားတဲ့ ပုံတွေကို AI အသုံးပြုကာ အလင်းအမှာင်ချိန်ခြင်း၊ နောက်ခံ အရောင်ပြောင်းခြင်း၊ မျက်လုံးနီခြင်း အစရှိတဲ့ မူရင်းပုံကို ကြည့်ကောင်းအောင် ပြုပြင်ထားတဲ့ Content တွေတော့ မပါဘူးလို့ သိရပါတယ်။

Google ရဲ့ ပြောပြမှုအရ AI နဲ့ ဖန်တီးထားတဲ့ ရုပ်ပုံတွေသာမက Video နဲ့ Audio တွေပါမကျန် AI နဲ့ ဖန်တီးထားကြောင်းကို ရှင်းလင်းစွာ ဖော်ပြရမှာ ဖြစ်ကြောင်း သိရပါတယ်။ ပုံတွေအတွက်ဆိုရင် “This image does not depict real events” ဆိုပြီး ဖော်ပြရမှာ ဖြစ်ပြီး Audio အတွက်ဆို “This audio was computer generated” ဆိုပြီး သိသာ ထင်ရှားတဲ့ နေရာမှာ ဖော်ပြပေးရမှာ ဖြစ်ပါတယ်။

Google ရဲ့ ပြောရေးဆိုခွင့်ရှိသူ Allie Bodack ရဲ့ ပြောပြချက်အရ အခုနောက်ပိုင်းမှာ Content တွေအတွက် ဖန်တီးနိုင်မယ့် AI Tools တွေများစွာ ရှိလာပြီဖြစ်တာကြောင့် နိုင်ငံရေးနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲတွေအတွက် ကြော်ငြာများတွင် AI နဲ့ ဖန်တီးထားကြောင်း သိသာထင်ရှာစေဖို့ အခုလို စည်းမျဥ်းကို ထုတ်ရခြင်း ဖြစ်ကြောင်း သိရပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကလည်း လာမည့်ရွေးကောက်ပွဲမှာ AI နဲ့ ဖန်တီးထားတဲ့ ရွေးကောက်ပွဲဆိုင်ရာ ကြော်ငြာများအတွက် ကန့်သတ်ချက်များကို ထည့်သွင်းစဥ်းစားနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။

Exit mobile version