ကလေးများအတွက် ထုတ်လုပ်ထားသော $800 တန် Moxie Robot ကို တရားဝင်ပိတ်သိမ်းတော့မည်

အသက် ၅ နှစ်မှ ၁၀ နှစ်အထိ ကလေးများအတွက် သင်ကြားရေးကို အထောက်အကူပြုနိုင်စေရန် ဖန်တီးထုတ်လုပ်ခဲ့သော Embodied လို့အမည်ပေးထားတဲ့ Moxie AI Robot ရဲ့ ထုတ်လုပ်မှုကို တရားဝင် ရပ်ဆိုင်းတော့မှာ ဖြစ်ကြောင်း Company ကကြေညာခဲ့ပါတယ်။

Moxie AI Cpmpny က Embodied Robot ကို ၂၀၂၀ ခုနှစ် က စတင်မိတ်ဆက်ခဲ့ပြီး ထုတ်လုပ်ရောင်းချခဲ့တာ ဖြစ်ပါတယ်။ Moxie က လေးငယ်များ အတွက်လိုအပ်သော Knowledge များကို တစ်ပတ်တစ်ခါ Update လုပ်ပေးပြီး Embodied Robot ကို ဆရာတစ်ယောက်လို ရှိစေပြီး ကလေးများနဲ့အတူ တရားထိုင်ခြင်း၊ စာဖတ်ခြင်းနှင့် ပန်းချီဆွဲခြင်းများ စတဲ့လုပ်ဆောင်ချက်များကိုပါ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

Company က ‘Moxie ရဲ့ အဓိက အရေးပါသော အထောက်အပံ့ ရင်းနှီးမြှုပ်နှံမှု ပျက်တောက်သွားသောကြောင့် ထုတ်လုပ်မှုကို ဆက်လက်လုပ်ဆောင်ရန် အလားအလာ မရှိတော့ပါဘူး’ ဟုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုကို ပိတ်သိမ်းလိုက်တဲ့ အချိန်ကစပြီး Cloud-Based System နဲ့ လုပ်ဆောင်နေသော Embodied Robot များက လှုပ်ရှားမှု ရှိတော့မှာမဟုတ်ပဲ $800တန် သာမန်အရုပ်တစ်ရုပ် ဖြစ်သွားမှာ ဖြစ်ပါတယ်။

ကလေးများအတွက် ထုတ်လုပ်ထားသော $800 တန် Moxie Robot ကို တရားဝင်ပိတ်သိမ်းတော့မည်

Company က Embodied Robot ကို ရက် ၃၀ အတွင်း ဝယ်ယူထားသူများ အတွက်သာ ပြန်အမ်းငွေထုတ်ပေးနိုင်တော့မှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ နောက်ပြီး Embodied Robot ရဲ့ Warranty, ပြုပြင်ထိန်းသိမ်းမှုနှင့် Customer Support အစရှိသည့် ဝန်ဆောင်မှုများလည်း ရပ်ဆိုင်းသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Moxie သုံးစွဲနေသည့် ကလေးများအပေါ် ရိုဘော့ထုတ်လုပ်မှုရပ်ဆိုင်းမှုကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည့်အတွက် မိဘများအတွက် အရေးပေါ် လမ်းညွှန်ချက်များကို Embodied က ထုတ်ပြန်ပေးထားပေမယ့် ကလေးများရဲ့ သံယောဇဉ်ကိုတော့ လွယ်လွယ်နဲ့ ဖြတ်နိုင်တောက်နိုင်မှာ မဟုတ်ပါဘူး။

Company က ပိတ်သိမ်းလိုက်ပေမယ့် ဆက်လက်တည်ရှိနိုင်စေရန် Moxie Robot ကို တစ်ခြား Company တစ်ခုဆီ လွဲပြောင်းနိုင်ရန် နည်းလမ်းများ ရှာဖွေနေကြောင်း နောက်ဆက်တွဲ ထပ်မံပြောကြားခဲ့တာ ဖြစ်ပါတယ်။

Exit mobile version