AI Datacentres တွေအတွက် လိုအပ်တဲ့စွမ်းအင်တွေ ပေးနိုင်ဖို့ Google မှ နယူကလီးယား ဓါတ်ပေါင်းဖို ၀ယ်ယူ

Datacenters တွေအတွက် အနာဂတ်မှာ လိုအပ်လာမယ့် စွမ်းအင်တွေအတွက် Tech Giants တွေက နယူကလီးယားဓါတ်ပေါင်းဖိုတွေ ၀ယ်ယူနေကြပါတယ်။ Google ကလည်း မကြာသေးတဲ့ ရက်ပိုင်းကမှ mini nuclear reactors တွေ၀ယ်ယူဖို့ အပေးအယူတွေ လုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ စွမ်းအင် Company တစ်ခုဖြစ်တဲ့ Kairos Power နှင့် Google တို့ကြား ဓါတ်ပေါင်းဖို ၆ခုနှင့် ၇ခုကြား ထုတ်ပေးရန် အပေးအယူလုပ်ခဲ့ပါတယ်။ ၂၀၃၀ ခုနှစ်မှာ အပြီးသတ်ပြီး အသုံးပြုနိုင်ရန် နှစ်ဖက်သဘောတူ စာချုပ်ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ Google မှ ပြောကြားချက်အရ နယူကလီးယားစွမ်းအင် အသုံးပြုခြင်းက ရေရှည်တွက် စွမ်းအင်ကို လုံလုံလောက်လောက် အသုံးပြုနိုင်ပြီး သဘာ၀ဘေးပတ်၀န်းကျင် အတွက်လည်း ကောင်းမွန်ကြောင်း ပြောကြားထားပါတယ်။ Datacenters တွေက အနာဂတ်မှာ စွမ်းအင်လိုအပ်မှု အရမ်းကြီးမားလာမှာ ဖြစ်ပြီး နယူကလီးယား စွမ်းအင်အသုံးပြုခြင်းဖြင့် လျှပ်စစ်စွမ်းအင် အများအပြားလိုအပ်ခြင်းကို အစားထိုးနိုင်ပါတယ်။

AI Datacentres တွေအတွက် လိုအပ်တဲ့စွမ်းအင်တွေ ပေးနိုင်ဖို့ Google မှ နယူကလီးယား ဓါတ်ပေါင်းဖို ၀ယ်ယူ 1

လွန်ခဲ့တဲ့လက Microsoft က သူ့ရဲ့ Datacenters အတွက် လိုအပ်တဲ့ စွမ်းအင် ပမာဏကို ရယူဖို့ Three MIle Island နှင့် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ ပထမဦးဆုံး နယူကလီးယား ဓါတ်ပေါင်းဖိုတွေ ပြန်ပြီး သက်၀င်လာတာလည်း ဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်မှာ အမေရိကန်သမိုင်းမှာ နယူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ပါတယ်။ March လတုန်းကလည်း Amazon က နယူကလီးယားဓါတ်ပေါင်းဖို Pennsylvania ပြည်နယ်မှာ ၀ယ်ယူခဲ့ပါတယ်။ Google မှ တာ၀န်ရှိသူတွေရဲ့ ပြောကြားချက်အရ အနာဂတ်မှာ လူတိုင်း AI ကို အသုံးပြုနိုင်မှာဖြစ်ပြီး စွမ်းအင်အတွက်လည်း စိတ်ပူစရာလိုတော့မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ Google နှင့် စွမ်းအင် company ကြားချုပ်ဆိုခဲ့ကြတဲ့ အပေးအယူနှင့် အကြောင်းအရာအပြည့်အစုံကိုတော့ တိတိကျကျ မသိရသေးပါဘူး။ သဘာ၀ပတ်၀န်းကျင် တက်ကြွလှုပ်ရှားသူတွေကတော့ နယူကလီးယားဓါတ်ပေါင်းဖိုတွေ များလာခြင်းကြောင့် ကန့်ကွက်မှုတွေ လုပ်လာကြပါတယ်။ အနာဂတ်မှာတော့ နယူကလီးယား ဓါတ်ပေါင်းဖိုက လူသားတွေအတွက် အကျိုးပြုမလား၊ ပေါက်ကွဲမှုတွေ ဖြစ်လာမလားဆိုတာတော့ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

Exit mobile version