AI company တစ်ခုကို ဝယ်ယူလိုက်တဲ့ Apple

ကနေဒါနိုင်ငံမှ startup company တစ်ခုဖြစ်တဲ့ “DarwinAI” company ကို Apple က ဝယ်ယူလိုက်ပါတယ်။ iOS18 update မထွက်ခင် လပိုင်းအလိုမှာပဲ AI company တစ်ခုကို ဝယ်ယူလိုက်ခြင်းက နည်းပညာ company တွေအကြား လှုပ်လှုပ်သဲသဲ ဖြစ်ကုန်ပါတယ်။ ဘယ်လောက်တန်ကြေးနှင့် ဘယ်လိုသဘောတူညီမှုတွေနှင့် ဝယ်လိုက်လဲဆိုတာတော့ အတိလင်း ထုတ်ပြန်ထားတာမျိုးတော့မရှိပါဘူး။ Microsoft နှင့် Google တို့ရဲ့ AI အပြိုင်အဆိုင်ခေတ်ထဲမှာ Apple ရဲ့ နောက်ထပ်ခြေလှမ်းကိုတော့ အခုချိန်ထိ ထုတ်မပြသေးပါဘူး။ iOS18 မှာတော့ Apple ရဲ့ AI ခြေလှမ်းတွေကို မြင်တွေ့ရနိုင်ပါတယ်။

AI company တစ်ခုကို ဝယ်ယူလိုက်တဲ့ Apple 1

သတင်းထောက်တွေရဲ့ ပြောကြားချက်အရ DarwinAI က Apple ရဲ့ ထွက်ရှိလာမယ့် iOS18 ကို ကူညီနေတယ်လို့ ကြားသိရပါတယ်။ အဓိကပြောင်းလဲပေးမယ့် AI feature ကတော့ ရှိပြီးသား siri ကို ကြီးမားတဲ့ ပြောင်းလဲမှု upgrade နဲ့မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Apple ရဲ့ iOS18 မှာ ဒီထက်ပိုကောင်းမွန်တဲ့ privacy feature တွေကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။ iOS18 ကို တော်တော်များများ iPhone တွေ update ရရှိမှာဖြစ်ပြီး AI feature အသစ်တွေနှင့် iPhone ကို အသစ်တဖန် ဆန်းသစ်ပြီး ပြန်လည်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Exit mobile version