AI လောကရဲ့ နောက်ကွယ်က ထူးချွန်သူလူငယ်တစ်ဦး Alexandr Wang

Alexandr Wang လို့အမည်ရတဲ့ လူငယ်တစ်ဦးကို ဒီနေ့ခတ်လူငယ်တွေ သိချင်မှသိကြမှာ ဖြစ်ပါတယ်။ AI လောကတိုးတက်လာအောင် လုပ်ဆောင်ပေးခဲ့တဲ့ လူငယ်တစ်ယောက်ဆိုလည်း မမှားပါဘူး။ အသက် ၁၅ နှစ်မှာ code ကို ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်နေပြီး Quora မှာ machine learning engineer အဖြစ်အလုပ်စလုပ်နေပါပြီ။ ထိုအချိန်က PhD ရထားတဲ့လူတွေတောင်မလုပ်နိုင်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို ဖြေရှင်းနိုင်နေပါပြီ။ တစ်ချိန်မှာ ဘီလီယံနဲ့ချီ အကျိုးရှိလာမယ့် AI အနာဂတ်ကို Wang က စတင်တွေ့ရှိခဲ့ပါတယ်။

AI လောကရဲ့ နောက်ကွယ်က ထူးချွန်သူလူငယ်တစ်ဦး Alexandr Wang 1

၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ AI ရဲ့တိုးတက်မှုကြီးက အရှိန်ဟုန်ကောင်းလာခဲ့ပါတယ်။ ထိုအချိန်က ChatGPT က ပုံရိပ်စပေါ်ကာစ၊ self-driving cars တွေက လမ်းမပေါ်မြင်လာဖို့ အရှိန်ကောင်းနေစဥ်ကာလ ဖြစ်ပါတယ်။ AI models တွေက လူတိုင်းလိုအပ်တဲ့အရာဖြစ်လာပြီး ပြဿနာတစ်ခု ရှိနေခဲ့ပါတယ်။ AI တွေက data တွေကို ဖတ်တဲ့အခါ label မရှိသည့်အတွက် ဘယ် data က ဘယ်အတွက်လဲဆိုတာ မသိဖြစ်နေတဲ့အချိန်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ Wang က Scale AI ဆိုတဲ့ company ကို စတင်ခဲ့ပါတယ်။ AI အတွက် raw data တွေကို label နဲ့ခွဲပေးတဲ့ နည်းပညာ company ကို စတည်ထောင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ company က ကြီးကြီးမားမားအောင်မြင်ခဲ့ပါတယ်။ ထိုအချိန်က Wang က အသက် ၂၂နှစ်ပဲ ရှိပါသေးတယ်။ Scale AI ရဲ့ လုပ်ဆောင်ချက်က ယနေ့အကြီးမားဆုံး Tech companies တွေဖြစ်တဲ့ pinterest, Uber, OpenAI နှင့် အမေရိကန်အစိုးရထိပါ အာရုံဖမ်းစားမှု ရခဲ့ပါတယ်။ ၂၀၂၀ခုနှစ်မှာ အမေရိကန်အစိုးရက နိုင်ငံလုံခြုံရေးအတွက် data တွေကို label တပ်ပြီးခွဲပေးနိုင်တဲ့ Scale AI company နှင့် ပူးပေါင်းပြီး ဆောင်ရွက်မှုတွေလုပ်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ Scale AI company တန်ဖိုးက ဒေါ်လာ ၁၄ ဘီလီယံအထိ ရှိလာခဲ့ပြီး Wang ရဲ့တန်ဖိုးကတော့ ၂ဘီလီယံအထိ တန်ကြေးရှိလာခဲ့ပါတယ်။

AI လောကရဲ့ နောက်ကွယ်က ထူးချွန်သူလူငယ်တစ်ဦး Alexandr Wang 2

Wang က ငယ်ရွယ်စဥ်တည်းက ကြိုးစားလာခဲ့ပြီး လူအများမထင်ထားတဲ့ ပြဿနာ ဖြေရှင်းနည်းကို စတင်တွေ့ရှိခဲ့ပါတယ်။ Scale AI သာမပေါ်လာခဲ့ရင်တော့ ယနေ့ AI တွေက data တွေကို အလွယ်တကူ ခွဲခြားတတ်မှာ မဟုတ်ပဲ နည်းပညာ companies တော်တော်များများ အခက်ကြုံရမှာ ဖြစ်ပါတယ်။ Wang ရဲ့ ရည်ရွယ်ချက်က ပိုက်ဆံများများရှာဖို့မဟုတ်ပဲ ပြဿနာကို ဖြေရှင်းပေးချင်တဲ့ စိတ်တစ်ခုတည်းနဲ့ အစပြုခဲ့ပြီး ယခုချိန်မှာတော့ ကမ္ဘာမှာ အချမ်းသာဆုံး လူငယ်တစ်ဦး ဖြစ်လာတာဖြစ်ပါတယ်။

Exit mobile version