AI လမ်းကြောင်းပေါ်မှာ သွားနေတဲ့ပုံစံချင်း မတူညီတဲ့ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ

ChatGPT လို AI တွေကမ္ဘာပေါ်မှာ နေရာအနှံ့အသုံးပြုနေကြပေမယ့် တရုတ်နိုင်ငံမှာတော့ သူတို့ကိုယ်တိုင် Develop လုပ်ထားတဲ့ AI တွေကို အသုံးပြုနေကြပါတယ်။ နိုင်ငံရေးမှာ အထိအပါးမခံနိုင်တဲ့ တရုတ်နိုင်ငံက AI နည်းပညာမှာလည်း ကန့်သတ်မှုတွေများစွာလုပ်ထားပါတယ်။ နည်းပညာကုမ္ပဏီတွေကို အစိုးရက အနီးကပ်စောင့်ကြည့်နေပြီး အမှားမယွင်းမရှိအောင် မျက်ခြေမပြတ်လေ့လာနေပါတယ်။

AI လမ်းကြောင်းပေါ်မှာ သွားနေတဲ့ပုံစံချင်း မတူညီတဲ့ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ 1

လက်ရှိအင်တာနက်မှာတော့ အနောက်နိုင်ငံက အပြိုင်အဆိုင်ထုတ်လုပ်လာတဲ့ AI models တွေကို မြင်ရပေမယ့် တရုတ်ပြည်က develop လုပ်ထားတဲ့ AI ကိုတော့ မြင်ရခဲယဉ်းပါတယ်။ နိုင်ငံအတွင်းမှာ အသုံးပြုထားတဲ့ ငွေပေးချေခြင်း၊ လမ်းတံတားမှာ အသုံးပြုခြင်းနှင့် စသဖြင့်လူတွေအသုံးပြုကြတဲ့အရာအားလုံးမှာ ထည့်သွင်းထားတဲ့ AI ကို အစိုးရက ထိန်းချုပ်ထားပါတယ်။ နောက်ဆုံး စားသောက်ဆိုင်မှာ အသုံးပြုတဲ့ AI အပါအဝင် ဘဏ်တွေမှာ အသုံးပြုတဲ့ AI တွေပါ ပါဝင်ပါတယ်။ လက်ရှိ အနောက်နိုင်ငံက AI တွေရဲ့ တိုးတက်မှုကို မြင်ရပေမယ့် တရုတ်နိုင်ငံက AI တွေရဲ့ တိုးတက်မှုကို နှိုင်းယှဉ်နိုင်လား မေးခဲ့ရင်တော့ အဖြေက ရှင်းပြဖို့ ခက်ခဲပါတယ်။ လေ့လာသုံးသပ်သူတွေနှင့် နည်းပညာပိုင်းကျွမ်းကျင်သူတွေရဲ့ ဖော်ပြချက်အရတော့ တရုတ် AI တွေက အမေရိကန်နိုင်ငံက develop ထားတဲ့ AI ရဲ့ အနားတောင် မမှီဘူးလို့ သုံးသပ်ကြပါတယ်။

AI ကို အသုံးပြုတဲ့ ရည်ရွယ်ချက် ခြားနားပုံ

AI လမ်းကြောင်းပေါ်မှာ သွားနေတဲ့ပုံစံချင်း မတူညီတဲ့ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ 2

တရုတ်နိုင်ငံမှာလည်း ChatGPT လိုမျိုး generative AI တွေရှိနေပါပြီ။ ကွာခြားချက်ကတော့ တရုတ်ပြည်မှာ Research and Develop လုပ်ဖို့ အချိန်မပေးပဲ လက်တွေ့မှာ တစ်ခါတည်းအဆင်သင့် အသုံးပြုနိုင်အောင်သာ ပြုလုပ်ကြပါတယ်။ အဓိက အရေးကြီးဆုံးဖြစ်တဲ့ ဘာသာစကားကို နားလည်အောင်လုပ်တဲ့ နေရာမှာ တရုတ်က အမေရိကန် AI ကို မယှဉ်နိုင်ပါဘူး။ ဒါ့အပြင် AI ကို train တဲ့နေရာမှာ အချက်အလက်တွေကို အကန့်အသတ်မရှိမပေးပဲ နိုင်ငံရေးနှင့် ပတ်သက်တဲ့အကြောင်းအရာတွေကို အထိမခံတာကြောင့် AI က ထင်သလောက် ခရီးမရောက်ပဲ ကြန့်ကြာနေတာမျိုး ဖြစ်ပါတယ်။ စည်းမျဉ်းစည်းကမ်းအနေနှင့်လည်း အစိုးရက သတ်မှတ်ထားတဲ့ စံနမူနာအတိုင်းကို လိုက်နာရမယ်လို့ တင်းတင်းကျပ်ကျပ် ထုတ်ပြန်ထားပါတယ်။

တရုတ်နိုင်ငံမှ နည်းပညာ Company တစ်ခုဖြစ်တဲ့ iFlytek က Tablet ကို ထုတ်လုပ်ပြီး AI နည်းပညာတစ်ပါတည်း ပါဝင်တာ ရောင်းချခဲ့ပါတယ်။ ကျောင်းသားတွေရဲ့ အိမ်စာတေါကို ကူညီတာမျိုးတွေကို လုပ်ပေးနိုင်ပြီး မေးခွန်းတွေကိုလည်း ဖြေပေးနိုင်တာကြောင့် လူကြိုက်များခဲ့ပါတယ်။ Essay ရေးတဲ့အခါမှာ ကျောင်းသားတစ်ယောက်က Mao Zedong အကြောင်းမေးမြန်းခဲ့ရာ သူနှင့်ပတ်သက်တဲ့အခြားအကြောင်းအရာတွေကို AI က ဖြေကြားပေးခဲ့တာကြောင့် အစိုးရက အရေးယူကိုင်တွယ်လိုက်ပါတယ်။ Baidu လို နည်းပညာ company ကြီးတွေကတော့ လယ်သမားတွေကို ကူညီနိုင်မယ့် AI နည်းပညာမျိုးတွေ ချပြခဲ့ပါတယ်။ ထို့အပြင် လူအများကို ကူညီနိုင်မယ့် AI နည်းပညာတွေလည်း ပါဝင်ပါတယ်။ အများစုအသုံးပြုကြတဲ့ social media တွေမှာပါဝင်တဲ့ AI တွေနှင့် အခြားနယ်ပယ်တွေမှာ အသုံးပြုတဲ့ AI တွေကတော့ အဆင်ပြေတာကို​ တွေ့ရပါတယ်။ သို့ပေမယ့် အရာအားလုံးကို အစိုးရက ထိန်းချုပ်ထားပြီး သူတို့စည်းမျဉ်းအတိုင်း ကြပ်မတ်နေပါတယ်။

AI လမ်းကြောင်းပေါ်မှာ သွားနေတဲ့ပုံစံချင်း မတူညီတဲ့ တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ 3

အချုပ်ကို ပြောရမယ်ဆိုရင်တော့ အမေရိကန်က ထုတ်လုပ်တဲ့ AI က တစ်ကမ္ဘာလုံးအတွက် တော်တော်များများအသုံးဝင်ပြီး တံခါးတွေဖွင့်ပေးထားတာကြောင့် အသုံးပြုရလွယ်ကူတဲ့အပြင် ကိုယ်အလိုရှိသလို စီမံထိန်းချုပ်နိုင်ပါတယ်။ တရုတ်နိုင်ငံက AI တွေက နိုင်ငံတွင်းအတွက်သာ သုံးလို့ရပြီး အပြင်နိုင်ငံတွေနှင့် sharing လုပ်တာမျိုးမရှိပါဘူး။ ဒီအချက်ကို ကြည့်ရံနှင့် တရုတ်နိုင်ငံ AI တွေက အမေရိကန် AI တွေကို မမှီဘူးလို့ ပြောလို့မရသေးပါဘူး။ တစ်ဖက်က AI နည်းပညာကို တစ်ဖက်က လေ့လာဖို့ နှစ်ဖက်လုံး အများကြီးလိုအပ်နေပါသေးတယ်။ AI သဘာ၀က information များများကို သိထားမှ ပိုပြီးကောင်းမွန်လာမှာ ဖြစ်ပါတယ်။ နှစ်ဖက်လုံး တံခါးဖွင့်ပြီး AI နည်းပညာကို ဖလှယ်ကြရင်တော့ AI ရဲ့ အရေးပါပုံက ယခုထက် အရှိန်အဟုန်ကောင်းစွာ တိုးတက်သွားမှာ ဖြစ်ပါတယ်။

Exit mobile version