AI မူပိုင်ခွင့်နှင့် တရားစွဲခံထိတဲ့ Nvidia နှင့် Microsoft

လွန်ခဲ့တဲ့ ကြာသပတေးနေ့ကမှ Nvidia နှင့် Microsoft တို့က US တရားရုံးမှာ တရားစွဲခံထိပါတယ်။ အဓိကအကြောင်းရင်းကတော့ Texas မှာရှိတဲ့ company တစ်ခုရဲ့ data process တွေကို ခွင့်ပြုချက်မရှိပဲ ခိုးယူမိတယ်လို့ ဆိုပါတယ်။ AI development အတွက် လုပ်နေတဲ့ project တွေမှာ ဒီအဖြစ်အပျက် ဖြစ်ပျက်သွားတာဖြစ်ပါတယ်။ တရားစွဲတဲ့ company နာမည်ကတော့ Plaintiff Xockets လို့အမည်ရပါတယ်။ Xockets ပြောကြားချက်အရ companies တွေက ဥပဒေတွေကို ချိုးဖောက်ပြီး Xockets ရဲ့ နည်းပညာအချက်အလက်တွေကို ရယူဖို့ကြိုးစားတယ်လို့ ပြောပါတယ်။ Xockets မှ တာဝန်ရှိသူရဲ့ ပြောကြားချက်အရတော့ ​Nvidia နှင့် Microsoft တို့က AI လောကမှာ အင်အားကြီးပြီး company ငယ်တွေကို အနိုင်ကျင့်တယ်လို့ ပြောကြားထားပါတယ်။

AI မူပိုင်ခွင့်နှင့် တရားစွဲခံထိတဲ့ Nvidia နှင့် Microsoft 1

Nvidia ဘက်အခြမ်းကတော့ ဒီကိစ္စနှင့် ပတ်သက်ပြီးငြင်းဆိုထားပါတယ်။ Microsoft အနေနှင့်ကတော့ AI အတွက် ဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ပြီး ChatGPT ရဲ့ မူလမိခင် OpenAI နှင့် ပူးပေါင်းမှုတွေပြုလုပ်ထားပြီး nvidia chipsets မြောက်များစွာလည်း အသုံးပြုထားပါတယ်။ Xockets ကိုတော့ ၂၀၁၂ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပြီး Data Processing Unit (DPU) ဖန်တီးခြင်းက Nvidia နှင့် Microsoft အတွက်တော့ လိုအပ်တဲ့အရာဖြစ်လာခဲ့ပါတယ်။ အဓိက Xockets ရဲ့နည်းပညာကတော့ ကွန်ပျူတာတွေကို မလိုအပ်တဲ့ အရာတွေ run နေခြင်းကို လျှော့ခြပေးပြီး မလိုအပ်ပဲ server processing လုပ်နေတဲ့အရာတွေကို လျှော့ချပေးတာဖြစ်ပါတယ်။ တရားစွဲဆိုမှုအရ Xockets က Nvidia နှင့် Microsoft တို့ကို လိုင်စင်တင်ဖို့ တောင်းဆိုနေတာ​ဖြစ်ပြီး ညှိနှိုင်းမှုတွေ လုပ်ဖို့ အများကြီးလိုအပ်နေတယ်လို့ သိရပါတယ်။ Xockets အနေနှင့် Microsoft နှင့် Nvidia တို့ကို ခွင့်ပြုချက်မရှိပဲ product တွေရောင်းချ အသုံးပြုခြင်းကို ရပ်တန့်ရန် တောင်းဆိုထားပါတယ်။

Exit mobile version