AI နဲ့ ပြုပြင်ထားတဲ့ဓါတ်ပုံတွေကို Label ဖျောက်လိုက်ပြီဖြစ်တဲ့ Meta

နောက်အပတ်မှစပြီး Facebook ပေါ်မှာမြင်ရတဲ့ ဓါတ်ပုံတွေကို အလွယ်တကူသိနိုင်တော့မှာ မဟုတ်ပါဘူး။ အကြောင်းရင်းကတော့ ဓါတ်ပုံတွေပေါ်မှာ မြင်ရတဲ့ label ကို Meta က hide လုပ်ထားတာကြောင့်ဖြစ်ပါတယ်။ သို့ပေမယ့် post ရဲ့ ညာဖက်ထောင့်က အစက်သုံးစက်ရှိတဲ့နေရာကို ထောက်ပြီး AI နဲ့ပြုပြင်ထားတဲ့ information ကိုတော့ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ AI ကို အသုံးပြုပြီး ပြုပြင်ထားတဲ့ ပုံဟုတ်မဟုတ်ကိုလည်း ခွဲခြားနိုင်မှာဖြစ်ပါတယ်။

ဓါတ်ပုံဆရာတွေက AI ပုံတွေကို social media မှာ ပြန့်လာပြီး သတင်းအချက်အလက်မှားတွေကို လူတွေအလွယ်တကူယုံမိတာကြောင့် Meta ကို တောင်းဆိုမှုတွေလုပ်လာကြပါတယ်။ တောင်းဆိုမှုတွေအပြီးမှာတော့ Meta က AI ဓါတ်ပုံတွေကို “Made with AI” စာသားထည့်သွင်းလာပေးပါတယ်။ ဂျူလိုင်လဆန်းပိုင်းမှာတော့ “AI Info” ဆိုပြီးပြောင်းလဲလာပါတယ်။ ယခုအချိန်မှာတော့ AI Info ကို 3 dot ကို ထောက်ကြည့်မှပဲ သိနိုင်တော့မှာဖြစ်ပါတယ်။ အထူးသဖြင့် နိုင်ငံရေးအတွက် မဲဆွယ်တဲ့အခါမျိုးမှာ AI ဓါတ်ပုံအမှားတွေက သတင်းအမှားတွေကို ဖြန့်ရာမှာ အများအပြားအသုံးပြုလာကြပါတယ်။ အင်တာနက်ကို ကျွမ်းကျင်စွာအသုံးမပြုနိုင်တဲ့လူတွေအတွက်တော့ AI ဓါတ်ပုံတွေက ကြီးမားစွာ ပြသနာဖြစ်လာနိုင်ပါတယ်။

Exit mobile version