AI တွေက အင်တာနက်ကို ဘယ်လိုစိုးမိုးထားလဲဆိုတာ ပြောပြလာတဲ့ Google သုတေသီများ

အင်တာနက်ရဲ့ အန္တရာယ်က တစ်နေ့နှင်တစ်နေ့ ပိုပြီးကြီးမားလာပါတယ်။ အထူးသဖြင့် AI တွေရဲ့ စိုးမိုးမှုက ကောင်းတာတွေရှိသလို ဆိုးကျိုးတွေလည်းများစွာ ရှိပါတယ်။ AI Tools တွေက အများကြီးပေါ်လာပြီး အသုံးပြုရတာလည်း လွယ်ကူတာကြောင့် လူအများစုက Tools တွေကို အသုံးပြုပြီး content တွေကို ဖန်တီးလာကြပါတယ်။ သို့ပေမယ့် အများစုကို လူစိတ်ဝင်စားအောင် AI က ဖန်တီးနိုင်ပေမယ့် စစ်မှန်တိကျတဲ့အချက်တွေကို AI က ဖန်တီးနိုင်စွမ်းမရှိပါဘူး။

AI တွေက အင်တာနက်ကို ဘယ်လိုစိုးမိုးထားလဲဆိုတာ ပြောပြလာတဲ့ Google သုတေသီများ 1

Generative AI က များစွာသောအကြောင်းအရာတွေကို အဆုံးမဲ့ ဖန်တီးနိုင်ပါတယ်။ ရုပ်ပုံ၊ စာတွေနှင့် ဗီဒီရိုတွေများစွာကို လူတွေက စာတစ်ကြောင်းရိုက်ရုံဖြင့် ဖန်တီးနေနိုင်တဲ့ခေတ်မှာ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေက တစ်ကယ် မှန်မမှန် မခွဲခြားနိုင်တော့ပါဘူး။ အဆိုးဆုံးအချက်ကတော့ ဒီလိုဖြစ်နေမှန်းကိုသိနေတဲ့ Google က ဆက်လုပ်ခွင့်ပေးထားပြီး ပိုမိုတိုးပွားအောင် လုပ်နေတဲ့အချက်ပဲ ဖြစ်ပါတယ်။ ဒီလိုသတင်းအချက်အလက်အမှားတွေကို ဖန်တီးနေရတဲ့ ရည်ရွယ်ချက်ကတော့ အကျိုးအမြတ်အတွက် လုပ်နေကြတာပဲ ဖြစ်ပါတယ်။ AI ကို အသုံးပြုတဲ့အခါမှာ အဓိကအရေးကြီးတဲ့အချက်ကတော့ လက်တွေ့အကြောင်းအရာနှင့် ဖြစ်နိုင်မဖြစ်နိုင် ချင့်ချိန်တက်ဖို့လည်း လိုအပ်ပါတယ်။ Google လိုမျိုး company ကြီးတွေက ဒီလိုအဖြစ်အပျက်တွေကို မတားဆီးတဲ့အပြင် ပိုပြီးလူအများဆီရောက်အောင် ကူညီပေးနေတာကြောင့် အနာဂတ်မှာ အရမ်းအန္တရာယ်များပါတယ်။ အထူးသဖြင့် ကျောင်းသားငယ်တွေနှင့် ကလေးငယ်တွေအတွက် အလွန်အန္တရာယ်များတဲ့ အချက်ဖြစ်ပါတယ်။

Exit mobile version