AI ခေတ်မှာ Content Creators တွေရဲ့ အခန်းကဏ္ဍ​ ပျောက်ဆုံးသွားမှာလား ၊ ပုံစံတစ်မျိုးနှင့် ပြန်လည်မွေးဖွားလာမလား

Sora, DALL-E, ChatGPT နှင့် အခြား generative AI တွေ ပေါများလာတဲ့ခေတ်မှာ creators တွေ အလုပ်နည်းသွားတာတော့ အသေချာပါပဲ။ တစ်ချို့ နိုင်ငံကြီးတွေမှာရှိတဲ့ companies တွေကတော့ အလုပ်ခန့်ထားတာ လစာအပိုပေးထားရတယ်ဆိုပြီး အလုပ်တွေထုတ်လိုက်ကြပါတယ်။ ဒီလိုလုပ်ရပ်တွေကြောင့် content creators တွေတော်တော်များများ စိတ်ဓါတ်ကျလာကြပါတယ်။ Content Creators တွေထဲမှာ Graphic Designers, writers တွေနှင့် video editors တွေပါပါဝင်လာကြပါတယ်။ အမှန်တစ်ကယ်လည်း တစ်နေ့ထက်တစ်နေ့ AI tools အများအပြားထွက်ရှိလာပြီး သာမန် content တစ်ပုဒ်လောက်ကို မိနစ်ပိုင်းအတွင်း ဖန်တီးနေနိုင်တာကြောင့် ဖြစ်ပါတယ်။ အရိုးသားဆုံးနှင့် အပွင့်လင်းဆုံးပြောရရင်တော့ ဒီထက် အလုပ်တွေ ထပ်ပြီးဆုံးရှုံးမှုနှုန်းက ကြီးမားနိုင်ပါသေးတယ်။

အနာဂတ်မှာ ရှင်သန်နိုင်အောင် လုပ်ရမည့် အရာများ

AI ခေတ်မှာ Content Creators တွေရဲ့ အခန်းကဏ္ဍ​ ပျောက်ဆုံးသွားမှာလား ၊ ပုံစံတစ်မျိုးနှင့် ပြန်လည်မွေးဖွားလာမလား 1

အရင်အချိန်တုန်းက content creators လို့ခေါ်ကြတဲ့အခါ အမျိိုးအစားခွဲခြားကြပါတယ်။ ဥပမာ writers, video editors နှင့် graphic designers တွေဆိုပြီး ခွဲကြပါတယ်။ လာမည့်အနာဂတ်မှာတော့ ထိုအရာအားလုံးကို အနည်းနှင့်အများ သိထားဖို့လိုပါတယ်။ အားလုံးကိုလည်း တီးမိ ခေါက်မိ လေ့လာထားဖို့ လိုနေပါပြီ။ AI ရဲ့ အလုပ်လုပ်ပုံက data တွေများများထည့်ပေးလေ ပိုပြီးကောင်းမွန်လာလေပါပဲ။ Prompt တွေထည့်တဲ့အခါမှာလည်း AI ရဲ့ သဘောသဘာ၀ကို သိရအောင် များများလေ့ကျင့်သင့်ပါတယ်။ နေ့စဉ်ဘ၀မှာ အနည်းဆုံး ChatGPT လောက်ကို အလုပ်လုပ်တဲ့အခါမှာ ထည့်သွင်းအသုံးပြုသင့်ပါတယ်။ Content Creators တွေအနေနှင့် Tools တွေကို အကျွမ်းတဝင်ဖြစ်အောင် ယခုအချိန်တည်းက လေ့ကျင့်ဖို့လိုပါတယ်။ ကိုယ်ဖြစ်ချင်တဲ့ ပုံစံကို အသားကျအောင် AI ကို train တာများမှ AI က ကိုယ်လိုချင်တဲ့အရာတွေကို နားလည်ပြီး လိုက်လုပ်လာမှာ ဖြစ်ပါတယ်။ AI က လူတွေရဲ့ အလုပ်ကို အစားထိုးလာမှာတော့ ရှောင်လွှဲလို့မရပါဘူး။ လက်ရှိမှာ AI က သက်တမ်းနုနေပေမယ့် ကြီးထွားမှုနှုန်းကတော့ အရမ်းမြန်ဆန်ပါတယ်။

Content Creators တွေအနေနှင့် Swiss Army Knives တွေလိုမျိုး စွယ်စုံ skill အနည်းနှင့်အများ ရှိထားဖို့လိုပါတယ်။ AI ရဲ့ အလုပ်က လူတွေရဲ့အလုပ်ကို သက်သာအောင် ကူညီပေးတာကြောင့် ကိုယ့်အနေနှင့်လည်း အလုပ်တွေကိုလုပ်တဲ့အခါ Prompt skills တွေကောင်းအောင် နေ့စဉ်ပြုစုပျိုးထောင်ဖို့လိုပါတယ်။ AI ရဲ့ သဘောက ဦးဆောင်မှုနောက်ကို လိုက်ပြီး လူသားတွေအနေနှင့် ကိုယ်တိုင် ဦးဆောင်နိုင်တဲ့ လမ်းမျိုးပြမှ AI က အနောက်မှ လိုက်နိုင်မှာ ဖြစ်ပါတယ်။ မကြာခင်မှာတော့ companies တွေအနေနှင့် AI ရဲ့ သဘောသဘာ၀တွေကို ပိုနားလည်လာပြီး Swiss Army knife တွေလို content creators တွေကို ပိုပြီး ငှားရမ်းလာကြမှာ ဖြစ်ပါတယ်။ သမရိုးကျသွားနေတဲ့ content creators တွေနှင့် AI tools တွေကို အသုံးပြုတဲ့ content creators​ တွေရဲ့ အလုပ်ပြီးမြင့်ချိန်ကလည်း အများကြီးကွာလာတာကြောင့် multiple skills sets တွေကို အခုချိန်တည်းက အစပျိုးထားရမှာပါ။

Exit mobile version