AI ကို အသုံးပြုပြီး အလုပ်လျှောက်နည်းလမ်းများ

ယနေ့ခေတ်ထဲမှာ အလုပ်တစ်ခုလျှောက်ရတာ အရမ်းခက်ခဲတဲ့အပြင် ကိုယ့်ကိုရွေးချယ်ဖို့အတွက်လည်း အင်မတန်မှ ခက်ခဲပါတယ်။ ကံကောင်းတာတစ်ခုက AI ရဲ့ အကူအညီနှင့် အလုပ်တွေကိုလျှောက်တဲ့အခါ အဆင်ပြေပြီး သပ်သပ်ရပ်ရပ်ဖြစ်သွားတာကြောင့် အင်တာဗျူးခေါ်ခံရဖို့ အခွင့်အရေးပိုများပါတယ်။ သတိထားရမယ့်အချက်ကတော့ သင်လျှောက်တဲ့အလုပ်တွေအပေါ်မူတည်ပြီး အချို့အလုပ်က AI ကို အသုံးပြုပြီးရေးထားတာမျိုးတွေ တန်းသိနိုင်ပါတယ်။ ဒါကြောင့် AI အသုံးမပြုခင် အရမ်း AI မဆန်အောင်ဖန်တီးတက်ဖို့လည်း အရေးကြီးပါတယ်။

ChatGPT နှင့် Resume တစ်စောင်ဖန်တီးနည်း

AI ကို အသုံးပြုပြီး အလုပ်လျှောက်နည်းလမ်းများ 1

ဒီနည်းလမ်းကတော့ ယနေ့ခေတ်မှာ လူ ၁၀ယောက်မှာ ၉ ယောက်လုပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ Free ဖြစ်ဖြစ် subscription ဝယ်ထားတဲ့လူဖြစ်ဖြစ် လုပ်ဆောင်နိုင်ပါတယ်။ သင်လုပ်ရမယ့်အရာက Prompt ကောင်းကောင်းရိုက်ထည့်တက်ဖို့ပဲ ဖြစ်ပါတယ်။ ဥပမာ “Create a resume for me using:

အဓိက သတိထားရမယ့်အချက်က သင့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို အများကြီးမထည့်သွင်းဖို့ လိုပါတယ်။ ထွက်ရှိလာတဲ့ result ကို မကြိုက်ရင်လည်း သင်အနေနှင့် how to improve my resume ဆိုပြီး prompt ထည့်သွင်းပြီး မေးမြန်းနိုင်ပါတယ်။ သို့မဟုတ် သင်က ရှိနေပြီးသား skill တွေနှင့် လိုက်ဖက်မယ့် အလုပ်ကို ရှာချင်တယ်ဆိုရင်လည်း ChatGPT ကို အရင်မေးမြန်းနိုင်ပါတယ်။ စာလုံးတွေနှင့် မဟုတ်ပဲ Theme တွေလည်းထည့်ချင်တယ်၊ ကြည့်လိုက်တာနှင့် impressive ဖြစ်မယ့် resume ကို ဖန်တီးချင်ရင်တော့ Figma AI ကိုလည်း အသုံးပြုနိုင်ပါတယ်။ ရှိပြီးသား resume ကို upgrade လုပ်နိုင်သလို prompt တွေကို ထည့်သွင်းပြီး ဖန်တီးနိုင်ပါတယ်။

Cover Letters တွေကို အရောင်တင်နည်း

Cover Letter က အလုပ်လျှောက်တဲ့အခါမှာလည်း အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။​ Cover Letter ကိုဖတ်ပြီး အလုပ်ရမရ အလုပ်ရှင်က ခန့်မှန်းနိုင်ပါတယ်။ ဒါကြောင့် AIရဲ့ အကူအညီနှင့် cover letter ကို ကောင်းကောင်းဖန်တီးနိုင်ပါတယ်။ သင့်မှာ resume ရှိပြီးသားဆိုရင်တော့ resume ကို upload တင်ပြီး cover letter တစ်စောင်ဖန်တီးပေးပါဆိုပြီး အလွယ်တကူ ဖန်တီးနိုင်ပါတယ်။ ကိုယ်လျှောက်တဲ့အလုပ်နှင့် ကိုက်ညီမှုရှိအောင် ဖန်တီးပါက “Create a cover letter that match the job ad” or “Create the cover letter that match my skills” ဆိုပြီး prompt ထည့်သွင်းပြီး ဖန်တီးနိုင်ပါတယ်။

Exit mobile version