AI ယဉ်ကျေးမှုနှင့်အတူ လူသားတွေမျိုးတုန်းနိုင်ကြောင်း OpenAI ဝန်ထမ်းဟောင်းများ အိတ်ဖွင့်စာနှင့် သတိပေး

မကြာသေးမီ ရက်ပိုင်းက OpenAI ဝန်ထမ်းတွေနှင့် အခြားသော AI companies ကြီးမှ ဝန်ထမ်းတွေအားလုံး လက်မှတ်ရေးထိုးထားတဲ့ အိတ်ဖွင့်ပေးစာ တစ်စောင်ထွက်ရှိလာပါတယ်။ AI အန္တရာယ်ကြောင့် လူသားတွေ ဒုက္ခရောက်လာနိုင်တဲ့ အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။ AI ထွန်းကားလာမှုနှင့်အတူ companies တွေက လူသားတွေရဲ့ အကျိုးစီးပွားထက် လူသားတွေကို ဒုက္ခရောက်နိုင်တဲ့ အန္တရာယ်ဘက်ကို လမ်းကြောင်းဦးတည်နေကြောင်း ပြောကြားခဲ့ပါတယ်။

အိတ်ဖွင့်စာထဲမှာတော့ “မတူညီမှု၊ ဖြားယောင်းလိမ်လည်ပြီး အမြတ်ထုတ်ခြင်း၊ သတင်းမှားယွင်းစွာ ဖြန့်ဝေခြင်းလုပ်ဆောင်ချက်တွေကို AI က ကောင်းစွာလုပ်ဆောင်နိုင်ပြီး လူသားတွေကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ဆုံးမှာ လူသားမျိုးနွယ် မျိုးတုံးစေလောက်တဲ့အထိ အန္တရာယ်ကြီးမားပါတယ်။ အစိုးရတွေအနေနှင့်လည်း တင်းကျပ်ပြီး စောင့်ကြည့်တာမျိုးမရှိတဲ့အပြင် ဝန်ထမ်းတွေမှာလည်း ဒီကိစ္စနှင့် ပတ်သက်ပြီး တာဝန်ယူမှု ဘယ်သူမှ မရှိကြပါဘူး။” ထို့အပြင် AI companies တွေမှာရှိတဲ့ ဝန်ထမ်းတွေအားလုံး လုပ်ဆောင်နေတဲ့အလုပ်တွေကို ပြောကြားခွင့်ရှိရေးနှင့် ဥပဒေပြဌာန်းရေးတွေလည်း ရေးသားထားပါတယ်။ ဝန်ထမ်းအနည်းငယ်ပြောပြတဲ့ အကြောင်းအရာတွေက မလုံလောက်သေးပဲ မဖော်ပြထားတဲ့ လုပ်ဆောင်ချက်တွေလည်း အများကြီးရှိကြောင်း အိတ်ဖွင့်စာထဲမှာ ရေးသားထားကြပါတယ်။

OpenAI company မှာ ဝန်ထမ်းတွေကို company ရဲ့ စည်းကမ်းတွေနှင့် မညီရင် အလုပ်ထုတ်ပစ်တာမျိုး၊ company က မထွက်ရအောင် ပြုလုပ်ထားတဲ့ သဘောတူညီမှုတွေနှင့် ခြိမ်းချောက်တာတွေ ရှိတယ်လိို့ Vox media က ရေးသားထားတာမျိုးရှိပါတယ်။ CEO, Sam Altman ကတော့ ဒီလိုအကြောင်းအရာမျိုးမရှိပဲ ဝန်ထမ်းတိုင်းကို လွတ်လပ်စွာပြောဆိုခွင့် ပေးထားတယ်လို့ ဆိုပါတယ်။ အကယ်၍ သင်က OpenAI ဝန်ထမ်းတစ်ယောက်ဖြစ်ပြီး တစ်ခုခုကို ပြောပြချင်ရင်တော့ will_knight@wired.com ကို ရေးသားဖော်ပြနိုင်တယ်လို့ Wired က ဖော်ပြထားပါတယ်။

AI ယဉ်ကျေးမှုနှင့်အတူ လူသားတွေမျိုးတုန်းနိုင်ကြောင်း OpenAI ဝန်ထမ်းဟောင်းများ အိတ်ဖွင့်စာနှင့် သတိပေး 1

OpenAI က safety နှင့် ပတ်သက်ပြီး လုပ်ဆောင်ချက်တွေကြိုးပမ်းခဲ့တယ်လို့ ဆိုပါတယ်။ သို့ပေမယ့် project ထဲမှာပါဝင်တဲ့ members တွေ ထွက်သွားတာကိုလည်း တွေ့မြင်ရပါတယ်။ တစ်ပတ်ခန့်အကြာမှာတော့ safety and security အတွက် mission ပြီးမြောက်သွားပြီလို့ OpenAI, CEO Sam Altman ကကြေငြာခဲ့ပါတယ်။ လွန်ခဲ့တဲ့ နိုဝင်ဘာလက Sam Altman ကို Board members တွေက ထုတ်ပယ်လိုက်ပြီး တစ်ပတ်အကြာမှာပဲ ရာထူးပြန်ရရှိခဲ့ပါတယ်။ ရာထူးပြန်ရရှိရှိခြင်းမှာပဲ members အချို့ကို Sam က ထုတ်ပယ်လိုက်ပါတယ်။ ဒီအဖြစ်အပျက်နှင့် ပတ်သက်ပြီး သံသယများစွာရှိသလို မေးခွန်းတွေလည်း ရှိနေပါတယ်။

အိတ်ဖွင့်စာထဲမှာ လက်မှတ်ရေးထိုးထားတဲ့လူတွေက OpenAI ဝန်ထမ်းဟောင်းတွေအပြင် အခြားသော AI companies က researchers တွေပါ ပါဝင်နေပါတယ်။ နာမည်တွေကိုတော့ မဖော်ပြထားပါဘူး။ တစ်ချို့ကြီးမားတဲ့အရာတွေကို သိထားတဲ့ ဝန်ထမ်းဟောင်းတွေကတော့ public ကို ထုတ်ပြရမှာ ကြောက်ရွံ့နေတယ်လို့လည်း သိရပါတယ်။ အစိုးရတွေအနေနှင့်လည်း ကြီးမားတဲ့ အန္တရာယ်မကျရောက်ခင် တားမြစ်ထားတာမျိုးတွေလုပ်သင့်တယ်လို့ ရေးသားထားပါတယ်။ ယခုအချိန်မှာတော့ ဝန်ထမ်းဟောင်းတွေအပြင် လက်ရှိ AI projects တွေ လုပ်ဆောင်နေကြတဲ့ ဝန်ထမ်းတွေအားလုံး စည်းလုံးပြီး အရှိတိုင်းပြောကြားဖို့ လိုအပ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

Exit mobile version