Adobe မှ AI Video Generator Beta version ထုတ်ပြ

လွန်ခဲ့သော ၂ ရက်ခန့်က Adobe မှ AI video generator တစ်ခုကို ထုတ်ပြခဲ့ပါတယ်။ အမည်ကိုတော့ Firefly လို့အမည်ပေးထားပြီး OpenAI, Google နှင့် Meta တို့နှင့် လုပ်ဆောင်ပုံချင်းတူပါတယ်။ Adobe ရဲ့ ပြောကြားချက်အရ Firefly video model က လိုင်စင်ရထားပြီးသား content တွေကတစ်ဆင့် trained ထားတဲ့ video တွေဖြစ်ပြီး users တွေဆီက data တွေကို လုံး၀အသုံးမပြုဘူးလို့ ပြောထားပါတယ်။ ထို့အပြင် copyright ကို အလေးထားထားတာကြောင့် အသုံးပြုသူတွေဆီီက ကူးယူခြင်းတွေ လုံး၀မလုပ်ဘူးလို့လည်း ဆိုထားပါတယ်။ ၂၀၂၃ ခုနှစ် April လထဲက text-to-image generator ကို စမ်းသပ်အောင်မြင်ခဲ့တာဖြစ်ပြီး ယခုအခါမှာတော့ Firefly video model ကို ချပြလာခဲ့ပါပြီ။ စာရိုက်လိုက်ရုံနှင့် သင်လိုချင်တဲ့ video တစ်ခုကို ဖန်တီးပေးနိုင်တော့မှာ ဖြစ်ပါတယ်။ Video creators တွေနှင့် Editors တွေအတွက် အသုံး၀င်တဲ့ Tool တစ်ခု ဖြစ်လာမှာတော့ အသေအချာပါပဲ။

Adobe အနေနှင့် Firefly ကို ဘယ်သူတွေ အသုံးပြုနေပြီလဲဆိုတာတော့ မပြောခဲ့ပါဘူး။ သို့ပေမယ့် media တွေရဲ့ပြောကြားချက်အရ အချို့သော major brands တွေကတာ့ Firefly ကို အသုံးပြုနေပြီလို့ ပြောကြားထားပါတယ်။ Pepsi နှင့် Barbie တို့က Adobe ရဲ့ AI tools တွေကို ဒီဇိုင်းတွေဖန်တီးရာမှာ အသုံးပြုကြတယ်လို့လည်း ဆိုပါတယ်။ Toys “R” company က Adobe ရဲ့ AI Tool ကို အသုံးပြုပြီး ကြော်ငြာတဲ့အခါ negative feedback တွေရခဲ့ပါတယ်။ အထူးသဖြင့် ethics မရှိပဲ AI generated tools တွေအသုံးပြုတယ်ဆိုပြီး ၀ေဖန်သူတွေကြားမှာ ပြောစရာတွေဖြစ်ခဲ့ပါတယ်။ လက်ရှိမှာ Firefly beta version သာ အသုံးပြုလို့ရမှာ ဖြစ်ပြီး official ထွက်လာဖို့အတွက် သက်ဆိုင်ရာတွေဆီက ခွင့်ပြုချက်တွေကို စောင့်ဆိုင်းနေတယ်လို့လည်း ဆိုပါတယ်။

Exit mobile version