၂၀၂၅ ခုနှစ်မှာ Retail Destinations တွေဖွင့်ဖို့ ပြင်ဆင်နေတဲ့ ​Netflix

DVD ခွေငှားဆိုင်လေးကတစ်ဆင့် ရုပ်ရှင်တွေကို ကိုယ်တိုင်ထုတ်လုပ်လာပြီး အောင်မြင်နေတာကတော့ Netflix ပါပဲ။ ယနေ့မှာ လူကြိုက်များတဲ့ရုပ်ရှင်တွေက Netflix က ထုတ်တဲ့ရုပ်ရှင် မပါဝင်တာမရှိပါဘူး။ လူကြီးရော လူငယ်ရော ကြိုက်ကြတဲ့ Netflix က ကိုယ်ပိုင်ဆိုင်တွေဖွင့်ဖို့ ပြင်ဆင်နေပါတယ်။ Retail Destinations ဆိုတာကတော့ စားသောက်ဆိုင်၊ အမှတ်တရပစ္စည်းတွေဝယ်ဖို့ နေရာနှင့် အပန်းဖြေအနားယူလို့ရမယ့် ဆိုင်တွေဖြစ်ပါတယ်။ Netflix ပရိတ်သတ်တွေကလည်း ရုပ်ရှင်တွေကိုကြိုက်နှစ်သက်ကြပြီး အမှတ်တရပစ္စည်းတွေ ဝယ်ယူကြပါတယ်။ အခုဆိုရင် Netflix က နာမည်ကြီး Series တွေဖြစ်တဲ့ Stranger Things, Squid Game ရဲ့ အင်္ကျီတွေကိုလည်း Online ကတစ်ဆင့် ရောင်းချပါတယ်။

“တစ်ကမ္ဘာလုံးက ပရိတ်သတ်တွေရဲ့ အားပေးမှုက သိသိသာသာတိုးတက်လာတာကို ကျွန်တော်တို့တွေ့ရပါတယ်။ သူတို့ကို ဒီထက်ပိုပြီးကောင်းတဲ့အရာတွေကို ပေးချင်နေတာ ကြာပါပြီ။” ဆိုပြီး Netflix ရဲ့ Vice President, Josh Simon က အခုလိုပြောကြားခဲ့ပါတယ်။

ဘန်ကောက်မြို့တွင် Netflix က ရိုက်ကူးတဲ့ One Piece Series ထဲက သင်္ဘောပုံစံ ဖန်တီးထားတာမြင်ရစဉ်

ဒါ့အပြင် Netflix က ရုပ်ရှင်၊ Series တွေအသစ်ထွက်လာတိုင်း သမရိုးကျ Billborad မှာ ကြော်ငြာတာမျိုးနှင့် အများသုံးခရီးပို့ဆောင်ဆက်သွယ်ရေးတွေဖြစ်တဲ့ ရထား၊ သင်္ဘောတွေမှာ Poster အကြီးကြီးတွေကပ်ပြီး ကြောငြာတက်လေ့ရှိပါတယ်။​ ဒါ့အပြင်နိုင်ငံတစ်ကာမှာရှိတဲ့ Shopping Center အကြီးကြီးတွေမှာလည်း ရုပ်ရှင်ထဲကပုံစံအရာတွေကို ဖန်တီးပြီး Marketing တွေလုပ်လေ့ရှိပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ The Verge Media က ပြောကြားချက်အရ Netflix ရဲ့ Retail Store တွေ ဖွင့်လာမလားဆိုတာတော့ စောင့်ကြည့်ရပါမယ်။

Exit mobile version