၂၀၂၄ ခုနှစ်မှာ မြင်တွေ့ရမယ့် နည်းပညာများ

နှစ်ကုန်ဖို့ နှစ်ရက်ခန့်လောက်ပဲ ကျန်ပါတော့တယ်။ ၂၀၂၃ ခုနှစ်မှာတော့ Artificial Intelligence ရဲ့ တိုးတက်လာမှုတွေနှင့်အတူ နည်းပညာ companies တွေ အပြိုင်အဆိုင် ပြိုင်လာကြတာကိုလည်း သိသိသာသာတွေ့လာရပါတယ်။ Quantum Computers မှ စပြီး ဦးနှောက်ထဲမှာ ထည့်တဲ့ chipset နည်းပညာတွေကိုတော့ ၂၀၂၃ခုနှစ် အစောပိုင်းမှာတည်းက မြင်တွေ့လာခဲ့ပြီဖြစ်ပါတယ်။

Quantum Computer ကိုမြင်တွေ့ရစဉ်

နိုဝင်ဘာလမှာတော့ IBM က Quantum System Two ကို ချပြခဲ့ပါတယ်။ ကွန်ပျူတာရဲ့ အရွယ်အစားက ၂၂ပေ ကျယ်ပြီး အမြင့်အားဖြင့် ၁၂ပေ ရှိပါတယ်။ Quantum Computer တွေက ကမ္ဘာမှာ အမြန်ဆုံးကွန်ပျူတာတွေ ဖြစ်ပါတယ်။ အခက်အခဲဆုံး code တွေကို အချိန်တိုအတွင်း ဖြေရှင်းပေးနိုင်ပြီး စက္ကန့်နှင့်အမျှ ပြောင်းလဲနေတဲ့ stock စျေးကွက်တွေကို တွက်ချက်ပေးခြင်း၊ ကျန်းမာရေးနယ်ပယ်တွေမှာ အသုံးပြုဖို့အတွက် Qunatum Computer တွေကို တီထွင်ခဲ့ခြင်းဖြစ်ပါတယ်။ အခုဆိုရင်တော့ Quantum Computers တွေကို IBM တစ်ခုတည်းသာမက Google, Microsoft နှင့်အခြား နည်းပညာ company ကြီးတွေက အပြိုင်အဆိုင် ထုတ်လုပ်လာပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံက ထုတ်လုပ်ထားတဲ့ Quantum Computer တွေလည်း ရှိနေပြီဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ Quantum Computer တွေရဲ့ အရေးပါတဲ့အခန်းတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

လေပေါ်ပျံနိုင်တဲ့ EV ကို မြင်တွေ့ရစဉ်

နောက်ထပ်ဆက်လက် စောင့်စားရမယ့် နည်းပညာတစ်မျိုးကတော့ EV တွေပဲဖြစ်ပါတယ်။ EV cars တွေကို car companies ကြီးတော်တော်များများကလည်း အပြိုင်အဆိုင်ထုတ်လုပ်ထားပြီ ဖြစ်ပါတယ်။ မြေပြင်ပေါ်သာမက လေပေါ်နှင့် ရေမျက်နှာပြင်မှာ EV တွေကို ၂၀၂၄ ခုနှစ်မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။ ယခုနှစ်ထဲမှာပင် တရုတ်နိုင်ငံရဲ့ မြို့တစ်မြို့မှာ EV တွေသက်သက် အသုံးပြုပြီးသွားလာနေတဲ့ video တစ်ခု social media မှာ ပျံနှံ့လာသေးပါတယ်။ EVs တွေပဲ အသုံးပြုတာကြောင့် မြို့ပေါ်မှာ ကားအင်ဂျင်သံ သိသိသာသာ နည်းသွားတာကို တွေ့ရပါတယ်။ EVs ကားတွေရဲ့ နောက်တစ်ဆင့် နည်းပညာဖြစ်တဲ့ ဆိုလာပါဝါကို အသုံးပြုပြီး ကားတွေကို တိုက်ရိုက်မောင်းနှင်နိုင်တဲ့ ကားတွေကိုလည်း မကြာခင် မြင်တွေ့ရနိုင်ပါတယ်။

၂၀၂၄ ခုနှစ်မှာ မြင်တွေ့ရမယ့် နည်းပညာများ 1

ကျန်းမာရေးနယ်ပယ်က အရေးကြီးဆုံးတစ်ခုဖြစ်တဲ့ ဦးနှောက်ခွဲစိတ်မှုပိုင်းမှာသုံးတဲ့ chipset နည်းပညာကိုလည်း မြင်တွေ့ရနိုင်ပါတယ်။ လက်ရှိမှာ လူနာတစ်ယောက်ရဲ့ ဦးနှောက်ကိုခွဲစိတ်ပြီး chipset ထည့်ပြီး စမ်းသပ်တာ အောင်မြင်ပြီဖြစ်ပါတယ်။ ထိုလူနာက ကွန်ပျူတာရဲ့ ညွှန်ကြားချက်အကူအညီနှင့်အတူ ကွန်ပျူတာသုံးပြတာ၊ ဖုန်းသုံးပြတာတွေကို လုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်။ Elon Musk ရဲ့ Neuralink နှင့်အတူ ပြိုင်ဖက် company တွေဖြစ်တဲ့ Blackrock Neurotech လို company တွေလည်း ပေါ်လာပြီဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်မှာတော့ ကျန်းမာရေးနယ်ပယ်မှာ အသုံးပြုတဲ့ နည်းပညာတွေကိုလည်း video games တွေထဲကပုံစံ သိသိသာသာ မြင်တွေ့လာနိုင်ပါတယ်။

Exit mobile version