၁၀ ဘီလီယံတန်ကြေးရှိ ရေအောက် အင်တာနက် cable ကို တည်ဆောက်ရန်ကြိုးပမ်းနေတဲ့ Meta

Social Media company တွေထဲက အကြီးဆုံးဖြစ်တဲ့ Meta က ကိုယ်ပိုင် အင်တာနက် cable ကို ရင်းနှီးမှုမြောက်များစွာ ကုန်ကျခံပြီး တည်ဆောက်ဖို့ ရည်ရွယ်နေပါတယ်။ မိုင်ပေါင်းအားဖြင့်(၂၅၀၀၀) ခန့် ရှည်လျားပြီး ကုန်ကျမှုအားဖြင့် အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် တန်ကြေးရှိတယ်လို့လည်း သိရပါတယ်။ အင်တာနက် cable companies တွေထဲမှာ ဒုတိယအကြီးဆုံး internet cable company ဖြစ်လာမယ်လို့လည်း သိရပါတယ်။ အမေရိကန်နိုင်ငံ East Coast က စပြီး India ထိကို တောင်အာဖရိကမှ တစ်ဆင့်ဖြတ်သန်းပြီး သြစတီးရီးယားတိုက်ထိ ဆက်သွားမယ်လို့ ဆိုပါတယ်။ Cable လမ်းတစ်လျှောက်မှာ checkpoint တွေအများကြီး ရှိသွားမယ်လို့လည်း သိရပါတယ်။ Cable ကြီးပြီးဆုံးသွားတဲ့အချိန်ကျရင်တော့ ပထမဦးဆုံး private operated global fiber company ဖြစ်သွားနိုင်ပါတယ်။

Meta အနေနှင့်လည်း အခြား အင်တာနက် companies အပေါ်မှီခိုနေရတဲ့အရာ ပျောက်သွားနိုင်ပြီး ကိုယ်ပိုင် အင်တာနက် cable နဲ့ run တာကြောင့် meta services တွေအားလုံးကို လျင်မြန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်က အင်တာနက်cable ကို ဆွီဒင်နိုင်ငံက european ရေပိုင်နက်ထဲမှာ ဖြတ်တောက်မှု ပြုလုပ်ခဲ့ပါတယ်။ အမေရိကန်အစိုးရက Meta ကို internet cable တွေတည်ဆောက်တဲ့အခါ တရုတ်နိုင်ငံရဲ့ ထိန်းချုပ်မှု အန္တရာယ်အတွင်းလည်း ကျရောက်နိုင်ကြောင်း သတိပေးမှု ပြုလုပ်ခဲ့ပါတယ်။ ယခုလောလောဆယ်မှာတော့ Cable project က ချက်ချင်းပြီးဆုံးဖို့ မဖြစ်နိုင်ပြီး နှစ်ပေါင်း တစ်ခု ကြာမြင့်မှာလည်း ဖြစ်ပါတယ်။

Exit mobile version